အစ (Unicode)

1.1K 55 4
                                    

5.12.2009

"ငါ canteen သွားမှာ မင်းတို့တွေမလိုက်ဘူးလား "

အတန်းလွှတ်ပြီးနေ့လည်စာထမင်းစားချိန်ရောက်ပြီမို့ canteen သွားဖို့ ယွီပင်းနဲ့‌ကျိရန်တို့ကို ရှောင်းကျန့်ခေါ်နေရခြင်းဖြစ်သည်

ဒါပေမယ့် ဒီကောင်တွေကချိန်းပွဲဆိုကာ ဂိမ်းထဲ၀င်သွားပြီးတုတ်တုတ်မျှမလှုပ်...

"မင်းတို့နှစ်ကောင်မလိုက်ရင်နေ ငါသွားပြီ နောက်မှ ထမင်းမကျန်ဘူးဟင်းမကျန်ဘူး မပြောနဲ့ ငါယူထားမပေးနိုင်ဘူး"

တစ်ယောက်တည်းစကားပြောနေသည့်အလားဘာစကားမှပြန်မပြောတဲ့နှစ်ကောင်ကိုဒီတိုင်းလွှတ်ကာ ရှောင်းကျန့်တစ်ယောက်တည်း canteen ဆီထွက်ခဲ့လိုက်သည်

တိုက်တိုက်ဆိုင်ဆိုင်ပင် canteen သွားတဲ့လမ်းမှာ နှင်းကျလာခဲ့သည်
ဘေကျင်းရဲ့ပထမဆုံးနှင်း ဒီနှစ်ဆောင်းရဲ့ ပထမဆုံးနှင်း...

နှင်းတွေတဖွဲဖွဲကျလာတာကိုကြည့်ရင်း ရှောင်းကျန့်စိတ်အစဉ်က အေးချမ်းလာရသည်

နှင်းတွေကို သူတကယ်ချစ်ပါသည်

ဘယ်ချိန်ကျလာမလဲမျှော်လင့်နေရတာမျိုးမဟုတ်ဘဲ ပထမဆုံးနှင်းကျတာကို ကိုယ်တိုင်ကြုံလိုက်ရတဲ့ခံစားချက်ကို ရှောင်းကျန့်အကြိုက်ဆုံး.....

မမျှော်လင့်ဘဲ တွေ့ရှိလိုက်ရတာကိုပိုသဘောကျမိသည်

အခုနှစ်ဆောင်းရဲ့ ပထမဆုံးနှင်းပွင့်တွေကလည်း ရှောင်းကျန့် မမျှော်လင့်ဘဲ တဖွဲဖွဲကြွေဆင်းနေလေပြီ....

အထက်တန်းနောက်ဆုံးနှစ်ဖြစ်သည့်ရှောင်းကျန့်တို့အတွက် ကျောင်းသားဘ၀ကပျော်စရာတော့ကောင်းသည် ‌တက္ကသိုလ်ရွေးချယ်ဖို့အတွက်ရလဒ်တွေကအရေးကြီးတယ် ရမှတ်မကောင်းရင် တက္ကသိုလ်ကောင်းကောင်းမသွားရဘူးဆိုတဲ့ ဆရာမတွေရဲ့စကားသံကလွဲရင် ကျန်တာပျော်စရာအတိ
ဒီနေ့ canteen မှာတစ်စုံတစ်ယောက်ကိုမတွေ့ခင်အထိပေါ့....

ရှောင်းကျန့် canteen ထဲရောက်တော့ အနားမှာလူတွေစုအုံကာ ပန်းကန်ကျသံတွေကြားနေရသည်...... သေချာပေါက် ‌ရန်ဖြစ်နေတာ

"အားကျန့် တစ်ယောက်တည်းလား"

အသံကြားလို့လှည့်ကြည့်လိုက်တော့ ရှောင်းကျန့်တို့အတန်းထဲက စီနီယာ ရွှမ်လုကျဲ
ရွှမ်လုကျဲကရှောင်းကျန့်ထက်အသက်တစ်နှစ်ကြီးပေမယ့် ကျန်းမာရေးကြောင့်ကျောင်းတစ်နှစ်နားလိုက်ရတာမို့‌ ဒီနှစ်မှာအတူလာပြန်ဆံုကြသည်
ရှောင်းကျန့်လိုတစ်ဦးတည်းသောသားအတွက် ရွှမ်လုကျဲကတကယ့်အမအရင်းတစ်ယောက်လိုပင်.......

"အာ ဟုတ်တယ် ကျဲ ကျွန်တော်တစ်ယောက်တည်း ဟိုကောင်တွေကဂိမ်းဆော့ရင်းကျန်ခဲ့တာ ဒါနဲ့ရန်ဖြစ်နေတာလား ကျဲ"

"ဟုတ်တယ် ကျန့်ကျန့်ရေ ၀မ်ရိပေါ်တို့လေ ခနစောင့်လိုက် ပြီးမှ ကျဲနဲ့တူတူထမင်းသွားစားကြမယ်လေ"

"ဟုတ် ကျဲ"

ရွှမ်လုကျဲနဲ့စကားပြောပြီး အဲ့ဒီအနားမှာပင်ရှောင်းကျန့်ရပ်စောင့်နေလိုက်သည် ခနအကြာမှာတော့ဘယ်သူ၀င်ထိန်းလိုက်သည်မသိ ရန်ပွဲကပြီးဆုံးသွားခဲ့သည်

ရန်ဖြစ်တဲ့ကောင်တွေအခန်းထဲကထွက်သွားဖို့ပြင်တော့ဝိုင်းကြည့်နေကြတဲ့လူအုပ်ကြီးကလျှောက်လှမ်းလေးတစ်ခုဖြစ်အောင်ဖယ်ပေးလိုက်ကြသည်

သူတို့ဆီမြှားဦးလှည့်လာပြီးပြဿနာအရှာခံရမှာစိုးလို့ထင့်....

"၀မ်ရိပေါ်"

ဘယ်သူကခေါ်မှန်း ဘယ်သူ့ကိုခေါ်မှန်း ရှောင်းကျန့်ကမသိပေမယ့် ၀မ်ရိပေါ်ဆိုတာခုနက ရွှမ်လုကျဲပြောသွားတဲ့နာမည်မို့ ဘယ်သူလဲဆိုတာမျက်လုံးလေးဝေ့ကြည့်မိသည်

"၀မ်ရိပေါ် မင်းနဲ့ငါဒီလောက်နဲ့ပြီးမသွားဘူး"

အာ ဒီစကားပြောတဲ့သူကိုသိတယ် သူတို့အတန်းက လူဆိုးလို့ဆရာမတွေပြောပြောနေတဲ့ ၀မ်ချောင်...

ဒါဆို ၀မ်ရိပေါ်ကဘယ်သူလဲ

"မင်းကဘဲမပြီးတာ ငါကမင်းနဲ့ဘာပတ်သတ်စရာမှမရှိဘူး ဟေကောင် ငါ့ကိုမင်းဇယားလာမကပ်နဲ့"

အသံကြားရာဆီခေါင်းလေးငဲ့ကြည့်လိုက်တော့ အသားဖြူဖြူ အရပ်မြင့်မြင့်နဲ့ စမတ်ကျကျလူတစ်ယောက်ကိုရှောင်းကျန့်တွေ့လိုက်ရသည်

ရှောင်းကျန့်ရဲ့ပျော်စရာနေ့ရက်တွေက ရင်ခုန်စရာနေ့ရက်တွေအဖြစ် စတင်ပြောင်းလဲခဲ့မှန်းသူကိုယ်တိုင်မသိဘဲပြောင်းလဲခဲ့လေသည်....

အချစ်ကနှင်းတွေနဲ့တူတယ် ပထမဆုံးနှင်းကိုမြင်လိုက်ရတဲ့အခါခံစားရတဲ့ ခံစားချက်က ပထမဆုံးအချစ်ကိုတွေ့တဲ့အခါ ခံစားရတဲ့ခံစားချက်နဲ့တူတယ်....

Sweet December မှာ ကျွန်တော်ဟာ အချစ်ဦးကိုစတင်တွေ့ရှိခဲ့ပါတော့တယ်.....

First love story (Has Owned To Sis Lay @breeze_1005)Where stories live. Discover now