အလယ်(Unicode)

524 45 6
                                    

12.3.2010

ဒီနေ့က ရှောင်းကျန့်တို့ကျောင်းရဲ့ နောက်ဆုံးစာမေးပွဲကြီးဖြေရမယ့်နေ့....

အထက်တန်းကျောင်းသားဘ၀ကိုကုန်ဆုံးပြီး တက္ကသိုလ်ကိုသွားရတော့မယ် ဆရာ‌မတွေပြောသလိုဆို ဘ၀အသစ်တစ်ခုစရတော့မည်ပေါ့....

အဲဒါတွေအားလုံးထက် ၀မ်ရိပေါ်နဲ့ဝေးရတော့မယ်ဆိုတဲ့အသိက ရှောင်းကျန့်အတွက်တော့ အရာအားလုံးထက်ပိုပြီး ဆွေးမြေ့ရသည်

စာမေးပွဲခန်းထဲကထွက်လာတော့ ကျိရန်နဲ့ယွီပင်းကအခန်း၀အရင်ရောက်နှင့်ပြီး သူ့ကိုစောင့်နေကြသည်

"အားကျန့် ငါတို့ဂိမ်းဆိုင်သွားမယ် ပြီးရင်မုန့်သွားစားကြမယ် မင်းလိုက်ရမှာ"

"မုန့်စားတဲ့အခါငါလာခဲ့မယ် ဂိမ်းတော့မဆော့ချင်ဘူး မင်းတို့ဂိမ်းတွေငါမှမဆော့တတ်တာကို မုန့်စားမယ်ဆိုဖုန်းဆက်လိုက်"

ရှောင်းကျန့်စကားကြားတော့ ကျိရန်က နှာခေါင်းရှုံ့ကာ

"မင်း ကျောင်းမှာနေခဲ့ပြီး အမှတ်တရတွေကိုနောက်ဆုံးအနေနဲ့ကြည့်ပြီး ၀မ်ရိပေါ်ကိုနောက်ဆုံးလွမ်းမယ်ဝောာ့မပြောနဲ့"

"မလွမ်းပါဘူးကွာ လွမ်းရအောင် ငါတို့က ချစ်သူတွေမှမဟုတ်ကြတာ ဘာလွမ်းစရာရှိလဲကွ"

ရယ်ကျဲကျဲနဲ့ပြောတဲ့ ရှောင်းကျန့်ကိုကြည့်ရင်း ယွီပင်း သနားမိသည် ဒီကောင် ၀မ်ရိပေါ်ကိုချစ်နေပြီဆိုပြီး သူတို့ကိုပြောတုန်းက ပါးစပ်ထဲကရေတွေပါပြန်ထွက်ကုန်သည်အထိ အံ့ဩခဲ့ရသည်

သူကိုယ်တိုင်လည်းဒါကိုလက်ခံဖို့ အချိန်တစ်ခုပေးခဲ့ရသည် အကုန်လုံးအသားကျပြီးသိပ်မကြာခင် ကျောင်းပြီးသွားပြီမို့ ထုတ်မပြောပေမယ့် ကျန့်ကျန့်လည်းတော်တော်ခံစားနေရမှာမလွဲ....

"ကျိရန် လာကွာ ငါတို့အရင်သွားနှင့်ရအောင် သူနေပါစေ ဆိုင်ရောက်မှမုန့်စားဖို့ငါတို့ဖုန်းဆက်လိုက်ရင်ရတာဘဲ"

"ဟေ့ကောင် အားကျန့် ငိုမနေနဲ့နော်"

သူတို့နှစ်ယောက်နဲ့လမ်းခွဲပြီးတော့ ရှောင်းကျန့် canteen ဆီထွက်ခဲ့လိုက်သည်
ညနေပိုင်းဖြေရသည့်စာမေးပွဲမို့ canteen ထဲလူတစ်ချို့ကလွဲ ဘယ်သူမှမရှိကြ

First love story (Has Owned To Sis Lay @breeze_1005)Where stories live. Discover now