အဆုံး (Unicode)

543 58 7
                                    

25.12.2020

ဒီနေ့က Christmas နေ့ ...

ပြီးတော့ ရှောင်းကျန့်တက်ခဲ့တဲ့ ဘေကျင်းအထက်တန်းကျောင်းရဲ့ ကျောင်းသားဟောင်းတွေမိတ်ဆုံစားပွဲနေ့......

အချိန်တွေကလည်ပတ်ရင်း ဥတုရာသီတွေပြောင်းလဲရင်းနဲ့ ဆယ်စုနှစ်တစ်ခု ကြာမြင့်ခဲ့ပြီ..

ကျိရန်နဲ့ယွီပင်းကလာမယ် နောက်ကျမယ်ဆိုလို့ သူတစ်ယောက်တည်းသွားဖို့ဖြစ်လာသည်..

ဆယ်ကျော်သက်အရွယ်ကနေ ရင့်ကျက်တဲ့ဆီရောက်လာခဲ့ပေမယ့် သူ့အချစ်ဦး ကို သူမမေ့နိုင်သေးတဲ့ ရှောင်းကျန့် အတွက် ဒီကျောင်းထဲကိုတစ်ခါပြန် အခြေချဖို့က အတော်ရင်ခုန်ရသလို အတော်လည်းကြိုးစားရပါသည်.....

သူ့ရဲ့ တစ်ဖတ်သတ်ဇာတ်လမ်းလေးက အဆုံးသတ်မလှခဲ့ဘူးလေ.....

ဆယ်စုနှစ်တစ်ခုကြာပြီးတဲ့အချိန်မှာ ရှောင်းကျန့်က နာမည်အတော်ရတဲ့ designer တစ်ယောက်ဖြစ်နေပြီ....
ကုမ္ပဏီတွေက salary များများပေးပြီး သူ့ကိုကမ်းလှမ်းကြပေမယ့် freelance designer တစ်ယောက်အနေနဲ့ဘဲရပ်တည်ခဲ့သည်...

သူဒီဇိုင်းဆွဲပေးထားတဲ့ အဆောက်အဦး တွေက ဘေကျင်းမှာပင်တော်တော်များနေပြီမို့ သူအောင်မြင်ပြီလို့ ကျိရန်တို့ပြောခဲ့တဲ့အခါ ဟုတ်တယ်လို့ဘဲလက်ခံရတော့မှာပေါ့......

၀မ်ရိပေါ်ကိုသူတွေ့ရပါသည် သတင်းစာတွေ TV တွေထဲမှာပေါ့....
၀န်ကြီးချုပ်ရဲ့တစ်ဦးတည်းသောသားက အခုဆို အောင်မြင်တဲ့ tracerတစ်ဦးဖြစ်ပြီး ကမ္ဘာ့အဆင့်ပြိုင်ပွဲတွေမှာတောင် ချန်ပီယံ‌ဖြစ်နေပြီ..

မနီးစပ်ပေမယ့် ဝေးကွာမသွားတဲ့ဒီလိုအခြေအနေက ရှောင်းကျန့်အတွက်ဖြေသိမ့်စရာတစ်ခုရခဲ့ပါသည်...

၀မ်ရိပေါ်ရဲ့အချစ်ရေးကိုအင်တာဗျူးတိုင်း ချစ်ရတဲ့သူရှိတယ်လို့ဖြေတဲ့အခါ အားတင်းပြီးပြုံးနိုင်အောင်ကြိုးစားနေရတုန်းဆိုပေမယ့် အရင်ကထက်စာရင်တော့ သူအတော်အဆင်ပြေလာပြီလို့ ပြောလို့ရပါလိမ့်မည်....

အချိန်တွေက ဆယ်စုနှစ်တစ်ခုကြာခဲ့ပြီလေ...

ရှောင်းကျန့်ကျောင်းသွားဖို့ car parking က ကားဆီရောက်တော့ ကားပေါ်မှာ ယုန်ရုပ်လေးတစ်ရုပ်နဲ့ လက်ဆောင်ဘူးလေးတစ်ဘူးတွေ့ရသည်...

First love story (Has Owned To Sis Lay @breeze_1005)Where stories live. Discover now