အပိုင်း (၁၄)

3.4K 313 18
                                    

{Unicode}

သူ့ကို အုပ်မိုးပြီးပြောနေတဲ့ မိုးသား မျက်ဝန်းတွေကမျှော်လင့်ချက်မဲ့နေဟန်အပြည့်။ မျက်ဝန်းထောင့်တွေက စိုစွတ်နေသယောင်.....

မိုးသားကိုကြည့်ပြီး ပိုင်ဦးမှာ ဝေခွဲရခက်သောခံစားချက်များဖြင့် မွန်းကြပ်လာရသည်။

နာကျင်နေတဲ့ အဲ့ဒီလူကို သူနှစ်သိမ့်ပေးချင်သည်။ ထွေးပွေ့ပေးချင်သည်။

"ဝမ်းနည်းမနေပါနဲ့ ကျွန်တော်ရှိ‌နေပါတယ်" လို့ ပြောပေးချင်သည်။

သို့သော်....သူ မပြောနိုင်။ မာယာချို့ကို စဉ်းစားလိုက်ရင် သူ အားနာလွန်းလို့ ပြောမထွက်နိုင်တော့ဘူး။

ဟုတ်တယ်....မိုးသား သူ့ အပေါ်ခံစားချက်ရှိနေတယ်ဆိုတာ ယောက်ျားလေးချင်းဖြစ်နေသည့်တိုင် သူ ရိပ်မိခဲ့တယ်။

ပြောရရင် လွန်ခဲ့တဲ့ ၇ နှစ်ကတည်းကဖြစ်‌နေတဲ့ မိုးသားနဲ့သူ့ရဲ့ Facebook က Friendship ..... ဘယ်လိုလူက ကိုယ်နဲ့ facebook မှာ fri ဖြစ်နေတဲ့ အခန်းဖော်ကို မသိသလိုနေမှာလဲ? ကိုယ်ကသာ တိတ်တိတ်လေး သွား Add ထားတာ မဟုတ်ဘူးဆိုရင်ပေါ့။

တခြားသူတွေနဲ့ဆို အမြဲခပ်တည်တည်ခပ်တန်းတန်းနေတတ်တဲ့သူ၊ အားမနာတတ်တဲ့သူ၊ ဒေါသကြီးတတ်တဲ့သူက ပိုင်ဦးတစ်ယောက်ထဲအပေါ်မှာမှ ကွက်ပြီး နူးညံ့နွေးထွေးပေးနေတာကို မသိရအောင် ပိုင်ဦးကငတုံးမှ မဟုတ်တာ။

ဒါပေမဲ့ ပိုင်ဦးမှာ.. တစ်ချိန်ကျလျှင် သေချာပေါက် လက်ထပ်ရမည့်သူရှိနေသည်။

မိုးသားဘက်ကသာ ဖွင့်ပြောမလာဘူးဆိုရင် သူတို့ဇာတ်လမ်းဟာ Bromance အနေနဲ့ အဆုံးသတ်သွားမှာပဲ။

သူ ဒီကနေ ထွက်သွားတဲ့အချိန်မှာ အရာအားလုံးက အဆုံးသတ်သွားမယ်ဆိုတာ ပိုင်ဦးသိနေတယ်။ အဲ့ဒါကြောင့် မိုးသားနဲ့အတူနေတဲ့ တစ်လျှောက်လုံး ပိုင်ဦးဘက်က မသိချင်ယောင်ပဲဆောင်နေခဲ့တာ....ဒီနေ့လိုအဖြစ်အပျက်မျိုးမကြုံခင်ထိ အရာအားလုံးဟာ နေသားတကျ.....
ဟင်းးး.....အခုတော့ ဘယ်လိုများ ရှေ့ဆက်ရပါ့မလဲ....
အတွေးတွေကို ခဏရပ်ကာ ပိုင်ဦး စိတ်ရှုပ်ရှုပ်နှင့်ပြန်ပြောမိသည်။

နှလုံးသား၌ ဖြစ်တည်လေသော (Completed)Where stories live. Discover now