အပိုင်း (၂၂.၅) ⚠️

4.9K 283 24
                                    

{Unicode}

[Warning _ Adult scenes & Sexual content Alert!
Read at your own risk!]

(A/N_အသက်မပြည့်သေးတဲ့ ကလေးတွေရှိရင် မဖတ်ဖို့ အကြံပြုပါတယ်နော်...)

"ကျွန်တော်လည်း အရမ်းချစ်တယ် အကို..."

ပြောရင်း အကို့ရင်ခွင်ထဲ ပိုပြီး တိုးဝင်လိုက်တော့ အကိုက တင်းကြပ်စွာဖက်တွယ်ထားရာမှ ပိုင့်ကိုယ်လေးကို ပွေ့၍ သူ့ပေါင်ပေါ်မျက်နှာချင်းဆိုင်ထိုင် စေသည်။
ပေါင်ပေါ်တတ်ထိုင်လိုက်တော့ ပိုင်က ခေါင်းတစ်လုံးစာ ပိုမြင့်သွားရာ လက်တွေကို အကို့ ပုခုံးပေါ် ယှက်တင်လိုက်ရင်း သူ့ကို ရီဝေဝေ‌နှင့်ကြည့်နေသည့်အကို့ကို ပြန်လည်ငုံ့မိုးထားလိုက်သည်။

လက်တွေက ခါးသိမ်သိမ်ထက် ဖက်တွယ်ထားရင်း ပိုင့်ကို မော့ကြည့်နေသည့် အကိုက

"ပိုင်...."

"ဗျာ....."

"လျှာမှာ အရသာခံဖုလေးတွေရှိတာ သိတယ်မလား...."

"ဟမ်... သိတယ်လေ.....ထူးဆန်းလို့လား..."

လူကို ပေါင်ပေါ်တတ်ထိုင်ခိုင်းပြီး မေးစရာရှားရှား ဘာတွေလာမေးနေတာတုန်း... ဒုက္ခပဲ....

ပိုင့်စိတ်ထဲမှာသာ ပွစိပွစိပြန်ပြောနေမိတာ တကယ့်လက်တွေ့ကျ အကိုက ဘာကိုပြောချင်နေမှန်းမသိတာကြောင့် လူက အူကြောင်ကြောင်လေးဖြစ်ကာ အကို့ကိုသာ ငေးကြည့်‌နေမိတော့သည်။ ပိုင့်အတွေးကို သိပုံမရတဲ့ အကိုက စကားဆက်လာပြန်သည်။

"အဲ့ဒီ အာရုံခံဖုလေးတွေကလေ တစ်နေရာနဲ့တစ်နေရာ အရသာခံနိုင်တာ မတူဘူးဆို..."

"အင်းလေ.... ကျွန်တော်တို့ Anatomy (ခန္ဓာဗေဒ) သင်တုန်းကပါတယ်လေ....  အကို မသိဘူးလား..."

"ဟုတ်လား.... ကိုယ်တော့မသိပါဘူး... ပိုင် ကိုယ့်ကို နည်းနည်းလောက် ပြောပြပါလား...."

အာ... ဒီလိုအခြေအနေနဲ့ ငါ့ကို စာရှင်းပြခိုင်းနေတာလား.... နာမည်ကြီး Physician လောင်းလျာကြီးကလေ...

သို့သော် ပိုင် ဆိုသည်မှာလည်း နဂိုကတည်းက မိုးသားကိုဆို ဘယ်နေရာဆရာလုပ်လို့ရမလဲ ချောင်းနေသည့် ကလေးလေးဆိုတော့ မိုးသားဆင်ထားသည့်အကွက်ထဲ တန်းခနဲဝင်လာကာ အားတတ်သရော ရှင်းပြတော့သည်။

နှလုံးသား၌ ဖြစ်တည်လေသော (Completed)Where stories live. Discover now