I Am You (part 1)

1.4K 96 0
                                    

သူ မေမေ့ကို အရမ်းကြောက်သည်။ မေမေက သူအမှားတစ်ခုခုလုပ်မိတိုင်း အပြစ်ပေးတတ်သည်မလို့လေ။

>>>>>
(အသက် ၈ နှစ်)

ခလွမ်း!!!

စားပွဲပေါ်တင်ထားသည့် ပန်းအိုးလေးက လက်နဲ့တိုက်မိပြီး ကျကွဲသွားသည်။

'ဟာ...သွားပြီ'

ဒါသူ့မေမေ​ သိပ်သဘောကျတဲ့ ပစ္စည်းလေ။ ဝင်္ကတို့ ချက်ချင်းပင် သွေးပျက်မတတ်ဖြစ်သွားမိတော့သည်။

ထိုအချိန် ကြားလိုက်ရသည့် ကြောင်လိန်သစ်သားလှေကားထက်မှ လူတစ်ယောက် အိမ်ပေါ်ထပ်တက်လာသလို တကျွီကျွီ မြည်သံ။

တစ်အိမ်လုံးမှာ မေမေနဲ့ သူနှစ်ယောက်ထဲပဲ ရှိတာကို ကြည့်ရတာ မေမေတော့ ​ ခြံထဲက ပန်းပင်တွေ ရေလောင်းပြီးသွားပြီနှင့်တူပါသည်။

အလျှင်အမြန်ပဲ ဝင်္ကတို့ သူ့မေမေအိမ်ခန်းထဲ၌ ပုန်းခိုစရာနေရာကို ကြောက်လန့်တကြီး ဖွေရှာလေတော့သည်။ ကုတင်အောက်ကို ဝင်ပုန်းနေဖို့ အကြံရကာပဲ ဝင်္ကတို့ ပြေးဝင်ပုန်းလိုက်၏။ ပုန်းခိုနေရင်းနဲ့သာ သူ့မေမေရဲ့အသံကိုပါ နာစွင့်နေလိုက်သည်လေ။

"ဟင်...ဟင်...ဟင်း...ဟင်...ဟင်း...🎶"

ဒီနေ့တော့ မေမေက စိတ်ပျော်နေပုံရသည်ထင် လှေကားထစ်ပေါ် တက်လာနေသည့် မေမေ့ဆီမှ တဟင်းဟင်း... သီချင်းငြီးသံကို ကြားနေရသည်။ တဖြည်းဖြည်းနဲ့ သီချင်းငြီးသံက ပိုနီးကပ်လာ​ခဲ့ပြီလေ။

ကျွီ...

အခန်းထဲ ဝင်လာသည့် မေမေ့ခြေထောက်အောက်ပိုင်းကို ကုတင်အောက်မှ လှမ်းမြင်လိုက်ရသည်။ ​​

ပုန်းနေသည့် ဝင်္ကတို့ အသံတစ်ချက်ပင် မထွက်ရဲတော့ပေ။ အသံမထွက်​ရ​လေရန် ပါးစပ်ကို လက်နဲ့အတင်းအုပ်ထားရပြီး လူတစ်ကိုယ်လုံးကလဲ တုန်ရီနေတော့၏။

သစ်သားကြမ်းခင်းပေါ် တထောက်ထောက် လျှောက်လာသည့် ခြေလှမ်းတွေက ပန်းအိုးကွဲစတွေနားမှာ ရပ်သွားခဲ့ပြီလေ။ မေမေရဲ့ သီချင်းငြီးသံဟာလဲ တိတ်လို့သွားခဲ့ပြီ။ ကြည့်ရတာ မေမေတော့ ပန်းအိုးကွဲစတွေကို မြင်သွားခဲ့ပြီ ထင်ပါရဲ့။

I Am You ( One Shot)Where stories live. Discover now