ME - 1

4.9K 237 5
                                    

"ငါ့ဆီပြန်လာပေးနိုင်မလား "

အသက်မဲ့နေသောရှောင်းကျန့်ကိုယ်အားပွေ့ပိုက်လို့ အရူးတစ်ယောက်နှယ် စကားတွေပြောနေမိသည်။

"ငါမင်းကိုလိုအပ်နေတုန်းပဲ"

မင်းအပေါ်မတရားခဲ့တဲ့အပြစ်တွေကို ပေးဆပ်ချင်သေးလို့ပါ။

"ငါမင်းကိုချစ်တာမို့လို့ မင်းငါ့အနားပြန်လာပေးနိုင်မလား"

မချစ်ဘူးဆိုတာလိမ်ညာပြီးပြောခဲ့တယ်ဆိုတာ မင်းကိုဖြေရှင်းပြချင်သေးတယ်။

"ငါမင်းကိုသွားခွင့်မပြုနိုင်ဘူး"

ငါ့ဘက်ကစပြီးမင်းကိုပစ်ထားခဲ့တာမှန်ပေမဲ့ မင်းတကယ်မရှိတော့တဲ့နေ့ရက်တွေကို ဘယ်လိုများတောင့်ခံရပါ့မလဲ။

"ထွက်မသွားဖို့ပြောနေတဲ့ မင်းအသံကိုအခုထိကြားယောင်နေတုန်းမို့လို့ မင်းငါ့အနားပြန်လာခဲ့ပါ"

အိပ်မက်ဆိုးတွေမက်တဲ့အခါ ချော့မြူတတ်တဲ့မင်းကို  လိုချင်တောင့်တနေတုန်းပဲ။

"ငါကမင်းထင်သလောက်သန်မာတဲ့လူမဟုတ်ပါဘူး"

မင်းနဲ့ပတ်သတ်ရင် စကားတစ်ခွန်းကအစခံစားတတ်ပေမဲ့ သန်မာချင်ယောင်ဟန်ဆောင်နေခဲ့တာပါ။

"ငါ့ဘဝတစ်ခုလုံးနဲ့ရင်းပြီးချစ်ခဲ့တာမို့လို့ မင်းပြန်လာပေးပါ"

"ငါတို့အိမ်ပြန်ကြမယ်လေ မင်းနဲ့အတူနေဖို့ဝယ်ထားခဲ့တဲ့အိမ်ကိုပြန်ကြမယ်"

အေးစက်နေသောကိုယ်နှင့်အတူ အသက်ရူကင်းမဲ့နေသောသူအား ဖက်ထားလျက် တနင့်တပိုးငိုကြွေးမိသည်။

အဲ့ဒီစောက်အရေးမပါတဲ့မာနတရားတွေကြောင့် !

December 2 2020
3:02PM

















December 2 2020
3:02PM

My Enigma [ ZhanYi ] [ COMPLETED ]Where stories live. Discover now