You are a precious gift to me

570 49 10
                                    

(Unicode)

"Cosmosပန်းလေးတွေရဲ့ အဓိပ္ပာယ်ကိုသိလား...ကိုယ်တို့အတူလက်တွဲပြီး ဘဝခရီးလမ်းကိုဖြတ်သန်းရအောင်...မင်းကိုအရာအားလုံးထက်ပိုချစ်တယ်တဲ့..."

~~~~~~~~
🔹December 4🔹

ခေတ်ကာလ ဒီဇင်ဘာလဆိုသည်မှာလည်း ဘုရားစူးဆောင်းတွင်းပါပဲ...။
ဘယ်မှာလဲ အအေးဓာတ်...။

ကားparkingကနေ ဓာတ်လှေကားဆီလမ်းလျှောက်လာတာလေးတင်ကို လူကချွေးစို့နေပြီ...။

အမှန်တကယ်ဆိုရင် Gulfကအအေးကြောက်တတ်သူမို့ ဆောင်းတွင်းမအေးလည်းပြဿနာဟုတ်မနေဘူး...
တစ်စုံတစ်ယောက်ကြောင့် ဘာမှအပြစ်မရှိတဲ့
ရာသီဉတုကိုပါ ဒေါသကထွက်ချင်ချင်နဲ့...။

တော်ပြီ...တော်ပြီ...။ပါးစပ်ကတော်ပြီပြောလည်း
အဲ့ဦးနှောက်ဟာ တစ်စက်ကလေးမှအငြိမ်မနေဘူး..။
ခေါင်းထဲမှာနေတဲ့ အဲ့ သတ္တဝါလေးက
ထိန်းရကျောင်းရတာ တယ်ခက်လိုက်တာများ...။

စိတ်ဆိုးချင်နေတာမို့ ဖြေရာဖြေကြောင်းမနည်းရှာကြံတွေးပြီး ဖြေသိမ့်နေရတာ ဒင်းကဟိုတွေးဒီတွေးကြံဖန်တွေးပြီး မီးလောင်ရာလေပင့်လုပ်ချင်နေတာ...။

ကြံဖန်လောင်တတ်တာက Gulf Kanawut ပုံစံမဟုတ်ပေမယ့် ဒီလိုနေ့မျိုးကတော့ချွင်းချက်ဖြစ်သင့်တယ်ထင်တာပဲ....။

အခန်းရောက်ရင်‌ေတာ့ မြန်မြန်အိပ်ပစ်မှပါ...။
ဒါမှကိုကို့ကိုစိတ်ကောက္မယ့်အတွေးတွေ
ဝင်မလာ‌ေတာ့မှာ...။
___
"ဟယ်လို...Mae သားဒီနေ့တော့ စောစောနားချင်တာမို့ ကွန်ဒိုမှာပဲအိပ်လိုက်တော့မယ် Maeတို့မျှော်နေမှာစိုးလို့.."

"ဆယ့်တစ်နာရီထိုးတော့မယ်ဆိုတော့ သားကွန်ဒိုမှာပဲအိပ်ဖြစ်လောက်တယ်လို့ Maeပြောနေတာကို Phorကလည်တဆန့်ဆန့်နဲ့ မျှော်နေတာ...အခုကွန်ဒိုကိုရောက်ပြီလား..."

"ဟုတ် အခုပဲအခန်းရှေ့ရောက်တယ်..."

"ရောက်ပြီဆိုရင်လည်းစောစော အိပ်ရာဝင်နော် ညဉ့်နက်တဲ့အထိဂိမ်းဆော့မနေနဲ့ဦး..."

"ဟုတ် ဒီနေ့တော့ စောစောအိပ်မှဖြစ်မှာ...အဲဒါဆိုဒါပဲနော်Mae..."

You've reached the end of published parts.

⏰ Last updated: Jun 03, 2021 ⏰

Add this story to your Library to get notified about new parts!

Eternity with Mewgulf(One Shot Collection)Where stories live. Discover now