22

9.1K 1.6K 40
                                    

(A/N media က သီချင်းက ဇာတ်လမ်းနဲ့မဆိုင်ပါဘူး၊ ရိဖုနားထောင်ချင်လို့ပါ)

" ဒုန်း "

အခန်းတံခါးပိတ်ထားသည့် အခန်းထဲမှ တစ်ခုခုပြုတ်ကျသံက ကျယ်လောင်စွာထွက်လာ၏။ သိပ်မကြာသေးခင်က တစ်စွန်းတစ်စ ပျံ့လွင့်နေသော စကားသံတို့က တိခနဲ ပိတ်ကျသွား၍ ကိစ္စဝိစ္စပြီးပြီမှတ်နေခဲ့တာလေ။ အခုတော့ ...

" ဟဲ့ တံခါး ဖွင့်စမ်း ... တံခါးဖွင့်ကြစမ်း "

ဒေါ်ဆွေခင်တစ်ယောက် အခန်းတံခါးကို တဒုန်းဒုန်းထုရင်း အခန်းပိတ်ကာ ဖြေရှင်းနေကြသည်ဟု ဆိုသည့်သားအဖအား အခန်းတံခါးဖွင့်ပေးဖို့ ပြောနေရ၏။

" ဟဲ့ လာကြစမ်း ... ဒီတံခါးကို ဖျက်ကြစမ်း "

အိမ်၏ဒရဝမ်ကြီးသည် တူရွင်းတစ်လက်ကို မလာရင်း အိမ်ထဲ ပြေးဝင်လာ၏။ အခန်းတံခါးဝရှေ့ မက်တပ်ရပ်ကာ သော့နေရာအား တူရွင်းဖြင့် ရိုက်ချဖို့လုပ်နေစဥ္ ပွင့်ဟလာသည့် တံခါးချပ်။

ထိုတံခါး၏ နောက်တွင်တော့ မျက်နှာကြီးနီရဲကာ ဆေးတံကြီးကိုလက်တွင်ကိုင်ရင်း ထွက်လာသူက သူ​ေဋ္ဌးကြီး။

ညီမဖြစ်သူအား တစ်ချက်ကြည့်ကာ အတွင်းကိုအမြန်ဝင်သွားဖို့ရန် လက်ဟန်ခြေဟန်ပြလေ၏။

ဒေါ်ဆွေခင်တစ်ယောက် ကြိုးကြီးချိတ်ထဘီကြီးမကာ အခန်းထဲ ပြေးဝင်တော့ ပြန့်ကျဲကာ ပျက်စီးကျကွဲနေသည့် ကြွေထည်များကြားတွင် ငုတ်တုတ်ကလေးထိုင်နေပါသည့် တူတော်မောင်။

" တီတာ "

" ..... အဖေက သားကို မချစ်ဘူး ... အဖေက သားထက် အဲ့ဒီအကျင့်ပျက်သဘင်သည်တွေကို ပိုချစ်နေတယ် ... အဖေက ... သားကိုမချစ်ဘူး "

" တီတာ သတိထားဦးလေ .... တီတာ ... ... ဟဲ့ ကားပြင်စမ်း ... ဆေးတိုက်ဖြစ်ဖြစ် ဆေးရုံဖြစ်ဖြစ်ပို့ဖို့ပြင် ... "

" အဖေက သားကို မချစ်ဘူး "

ပါးစပ်က တစ်ခွန်းသာ ရေရွတ်ရင်း ခေါင်းမှာပေါက်နေသည့် ဒဏ်ရာကရော နာနေသည့်ပုံပေါ်ပါရဲ့လားလေ။ ခေါင်းကဒဏ်ရာထက် ရင်ဘတ်ထဲက ဒဏ်ရာက ပိုပျင်းလို့ ငိုလေသလားလေ။

အိုဘယ့်မှုံရွှေရည်(Completed)Where stories live. Discover now