Part-10

522 68 3
                                    

မြို့တော်ထဲ ၀င်လာ ပြီဆိုတာနဲ့ သူမက ချက်ချင်းပင် သတိအနေအထားဖြစ်သွားသည်။
သာမန်ပြည်သူတွေက မဟာမိတ်တိုင်းပြည်ရဲ့ မင်းသမီးအချောအလှကို တွေ့ချင်တာကြောင့်
တိုးကြိတ်နေကြတာကို ကြည့်ပြီး ကျေနပ်နေသည်။
*မုရုံရွှယ်အာဆိုတာ သွားတဲ့နေရာတိုင်းမှာ အဓိက လူဖြစ်နေရမယ်၊ ငါကသာ အောင်နိုင်သူဖြစ်ရမယ်*

ထိုအချိန်မှာပင် ဝေါယာဉ်မှာရပ်သွားတာကြောင့်
မုရုံရွှယ်အာ ရဲ့ ခေါင်းနဲ့ ဝေါယာဉ်‌နဲ့ဆောင့်မိသွားလေသည်။ မုရုံရွှယ်အာက ချက်ချင်းပဲ ဒေါသတကြီး ထွက်လာပြီး ရဲမက်တစ်ဦးကိုပါးရိုက်လိုက်သည်။

"ဘာလဲ ၊ ဒါက ဘာဖြစ်တာလဲ၊ ငါ့လို မင်းသမီးကို ဒဏ်ရာရအောင်လုပ်ရဲတယ်ပေါ့"

"မဟုတ်ဘူး ၊ခွင့်လွှတ်ပေးပါ မင်းသမီး၊ ဒီကလေးက ရုတ်တရက် ပြေးဝင်လာတာကြောင့်ကျွနိတော်တို့လည်း မထိနိးလိုက်နိုင်လို့ပါ"

"သေချင်နေပြီလား ၊ ဒီသောက်ကလေးစုတ်က ဘယ်ကလဲ ၊ ပုံစံက စုတ်ပြတ်နေပြီး၊ သွား၊ သူ့ကို ဆွဲခေါ် ပြီး ခေါင်းဖြတ်လိုက်"

"မဖြစ်ပါဘူး ၊ မင်းသမီး၊ ဒါက ကျွနိမတို့တိုင်းပြည်လည်းမဟုတ်ဘူး။ မကြာခင် မင်းသမီးက ဒီနေရာမှာ လတ်ဆက်ပြီး အိမ်ရှေ့စံ မိဖုရားဖြစ်လာတော့မှာပါ၊ စိတ်လိုက်မာနိပါ လုပ်လို့မဖြစ်ပါဘူး"

မနေနိုင်တော့တဲ့ အားလန်က ၀င်ရောက်ဖျောင့်ဖျသည်။

"ဟင်းး ကောင်းပြီလေ ၊ ဒီကလေးဒိနေ့ ကံကောင်းသွားတယ်မှတ်တာပေါ့၊ သွားစမ်း
နန်းတော်ဆီ"

ဒေါသတကြီး
အော်ဟစ်ပြီး ဝေါယာဉ်ထဲ ပြန်ဝင်သွားတော့မှ စိတိသက်သာရာရကြရှာသည်။ ပြသာနာရဲ့ တရားခံကကလေးစုတ်ကတော့ ချက်ချင်းပင်
ထွက်ပြေးသွားတာများ အစအနပင်မတွေ့တော့။

သို့ပေမယ့်လည်း မင်းသမီး၏ ဒေါသကြီးမှုကို မျက်မြင်တွေ့လိုက်ရတဲ့ မြို့တော်က ပြည်သူတွေကတော့ မင်းသမီးက ကြောက်စရာ ကောင်းသူတစ်ယောက်ဖြစ်သွားလေတော့သညိ။

"ဟဲ့ မြင်လိုက်လား။ အဲ့တာ မင်းသမီးတဲ့၊"

"အေးဟယ်၊ စိတိဓာတ်က ကြမ်းတမ်းလိုက်တာ၊ သူသာ မိဖုရားဖြစ်ရင် ငါတို့ ကောင်းကောင်းမှ နေရပါတော့မလား"

Let Beat The Female LeadWhere stories live. Discover now