Part-11

550 67 4
                                    

မုရုံရွှယ်အာက သာမန် အ၀တ်အစားတွေကိုလဲလှယ်ပြီး အပြင်ထွက်သွားရသည့် အကြောင်းရင်းမှာ တစ်ခုသာ ရှိသည်။ မင်းသား၂နဲ့တွေ့ဖို့သာ ဖြစ်သည်။ သူမက မင်းသား၂ကို ဖျားယောင်းမယ့်အကြံအစည်တွေ အစကတည်းက ရှိထားပြီးသားပင်ဖြစ်သည်။

ကံကြမွာသည် အမြဲတမ်း ဇာတိလိုက်တွေ ဘက်ကသာ ဖြစ်သည်။ အခုလည်း ကြည့်လေ
မုရုံရွှယ်အာက နန်းတော်ထဲက ခိုးထွက်သွားပြီး
မကြာခင်မှာပဲ မြို့ထဲက လူခြေ တိတ်ဆိတ်တဲ့ နေရာမှာ အရက်သောက်ပြီး မှိုင်တွေနေတဲ့ မင်းသား၂နဲ့ဆုံလေသည်။

"ကယ်ကြပါဦး ကယ်ကြပါဦး"
မုရုံရွှယ်အာက သူမအစီအစဉ်ကို ချက်ချင်းအကောင်အထည်ဖော်လိုက်သည်။
သူမက လူနှစ်ယောက်ကို ဌားပြီး လမိးကြားထဲမှာ
သူမကို အနိုင်ကျင့်နေသည့် ပုံစံဖြစ်အောင်ဖနိတီးလိုက်လေသည်။

မင်းသား၂သည်လည်း အော်သံကြားလိုက်တာကြောင့် လာကြည့်တော့
မိန်းမလှလေးတစ်ဦးကို အနိုင်ကျင့်နေသည့် ယောင်္ကျားသားနှစ်ဦးကို တွေ့လိုက်ရတာကြောင့်
ချက်ချင်းပင် ပြေးလာပြီး အကူအညီပေးတော့သည်။ တကယ်တော့ မင်းသား၂ရဲ့ တိုက်ရည်ခိုက်ရည်က အရမ်းမကောင်းပေ။ သူက အရင်ကတိုက်ပွဲတွေ တိုက်ခဲ့ဖူးပေမယ့် အကုန်လုံးက လက်အောက်ငယ်သားတွေကြောင့်သာ အနိုင်ရခဲ့တာ ဖြစ်သည်။ အခုလည်း သူက ဒီလူနှစ်ယောက်ကို နိုင်အောင်မချနိုင်ပေ။ ဒါပေမဲ့လည်း မုရုံရွှယ်အာ က အချက်ပြလိုက်တာကြောင့် ဒီလူနှစ်ယောက်က
မနိုင်ချင်ယောင်ဆောင်ပြီး ထွက်ပြေးသွားကြသည်။

မင်းသား၂က ဟနိဆောင်ပန်ဆောင်နဲ့ ပြေးလိုက်မည်ပြုသော်လည်း မုရုံရွှယ်အာက
နောက်ကနေ သိုင်းဖတိပြီး တားလိုက်တာကြောင့်
ဆက်မလိုက်ဖြစ်တော့ပေ။

"ဒီက သခင်လေးကို တောင်းပန်ပါတယ်။ ရွှယ်အာကြောင့် ဒဏ်ရာတွေ ရစေမိပြီ၊ "

"ရွှယ်အာက တစ်ခြားတိုင်းပြည်ကလာသူပါ။ ဒါကြောင့် ဒီမြို့မှာ ဒီလို လူရမ်းကားတွေ ရှိမှန်း မသိခဲ့ဘူး၊ သခင်လေး ကြောင့်သာ ရွှယ်အာရဲ့ ဘ၀ကို ကယ်တင်နိုင်ခဲ့တာပါ"
ပြောပြောဆိုဆိုနဲ့ပင် မုရုံရွှယ်အာက မျက်ရည်တွေ ကိုညှစ်ချလိုက်တာကြောင့် မျက်ရည်တွေနဲအလှလေးက အရမ်းကို သနားစဖွယ်ဖြစ်နေလေသည်။

Let Beat The Female LeadWhere stories live. Discover now