atè ao fim do mundo

87 2 3
                                    

Flashback~~

လူတယောက်ကိုပိုးပန်းရတယ်ဆိုတာလွယ်ကူတယ်လို့သင်ထင်နေပါသလား ဒါဆိုရင်အဖြေဟာလုံးဝအမှား~~လို့ယွန်းမြတ်သူရဲ့သီချင်းစာသားလေးကိုပဲဆိုပြလိုပါတယ် ဘယ်နှယ့် ကိုကသူ့ကိုချစ်လွန်းလို့သွပ်သွပ်ကိုခါနေတာလေ သူကတော့ကို့ကိုရှိလေတဲ့ငပိ အဲလေ ဖုတ်လေတဲ့ငပိရှိတယ်လို့ကိုမထင်တော့ဒီကလူကခံစားရခက်တာပေါ့
ဖြစ်ပုံအစကိုပြောပြမယ်

သစ်ရွက်လေးတွေလှုပ်တာနဲ့ရင်ခုန်တတ်တဲ့ဆယ်ကျော်သက်လေးတွေထဲမှာကိုလဲတဦးအပါအဝင်ပေါ့ ကျောင်းတွေဖွင့်လို့အဆင်ငမ်းတာမှ အဲလေ
စာတွေသင်တာမှသိပ်မရောက်သေးတာကို covid 19 ခေါ် ကိုမြင့်နိုင်ကြီး နှိပ်စက်တာကြောင့်ကျောင်းတွေပြန်ပိတ်ရတယ်လေ ရည်မှန်းချက်ကဆရာဝန်ဆိုပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ကျောင်းတွေပြန်ပိတ်ပြီဆိုတော့ကျောင်းသားတွေထဲကတဦးပဲလေ ပျော်တာမှတီးကောင်ကိုဆားနဲ့ပက်သလိုတွန့်တွန့်ကိုလူးနေတာ အဲ့သတင်းကြားတော့ကျူရှင်ဆရာမကတောင်သင်တာမပြီသေးပဲကျောင်းသားတွေကိုအကုန်အတန်းဆင်းပေးလိုက်ရတယ်လေ ဒါမဲ့ကို့ရဲ့freedomလေးကသုံးပတ်အပြင်မပိုခဲ့ပါဘူး

အမေ:နိုင်သက်ထား နင်မျက်လုံးနှစ်လုံးပွင့်တာနဲ့ဒီgameတွေပဲနင်ဆော့နေသိလား

နိုင်:အမေကလည်း နိုင့်မှာအခုမှgameဆော့ရတဲ့ဟာ

အမေ:အောင်မလေး မယ်မင်းကြီးမ ညည်းကဘာအလုပ်တွေရှိလို့အခုမှgameဆော့ရတာလဲ ပြောစမ်းပါဦး

နိုင်:အမေကလည်း နိုင်မနက်ကbl seriesတွေကြည့်ရတယ်လေ အခုမှseason 1ပဲပြီးသေးတယ်
Tharntypeကို နောက်ပြီးlikeloveလည်းကြည့်ရသေးတယ်လေ

အမေ:ညည်းလဲအဲ့အရည်မရအဖက်မရ ဘာကားတွေမှန်းမသိ အဲ့တာတွေပဲကြည့်နေ

နိုင်:သမီးကသမီးမျက်လုံးရဲ့ကျန်းမာရေးကိုဂရုစိုက်နေတာပါနော် blကြည့်ရင်အကုန်ကောင်လေးချောချောတွေကြီးပဲ အစစ်မဆိုလို့တယောက်နှစ်ယောက်ပဲပါတာ

အမေ:အေး မျက်လုံးကျန်းမာရေးပေလို့ပဲ နင်ပုလင်းဖင်ဖြစ်တော့မယ်မကြာခင် အခုတောင်powerက200မလား

atè ao fim do mundo Where stories live. Discover now