Part-44(Uni)

13.4K 976 71
                                    

"ဘုန်း!..." ဆိုတဲ့ လွယ်အိတ်ကိုပြစ်ချလိုက်တဲ့အသံနဲ့အတူ..ဧည့်ခန်းထဲမှာထိုင်နေတဲ့ ယောက္ခမ၂ယောက်မှာ အသံလာရာကိုလှည့်ကြည့်ကြသည်..။

လှည့်ကြည့်လိုက်တဲ့အခါမှတော့ တွေ့လိုက်ရတာက မျက်နှာကိုစူပုတ်ပြီး လက်ကြီးပိုက်ကာ ဝင်ထိုင်နေတဲ့ ခန့်တည်လေးဖြစ်နေသည်..။
ကျောင်းကအခုမှပြန်လာတာကို ဘယ်သူ့ကိုစိတ်ဆိုးလာလဲမသိဘူး..။

"ဘာဖြစ်တာလဲ? မြေး....
မျက်နှာကြီးကစူပုတ်နေတာပဲ...."

"မပြောချင်ပါဘူး ပါးလေးရာ..."

"ဘာတွေဖြစ်လာလို့တုန်း..."

"ဟူး.......နောက်နေ့ကျောင်းဆင်းရင် ပါပါးကိုလာမကြိုခိုင်းနဲ့တော့..."

"ဟေ....ဘာဖြစ်လို့လဲကွ..."

"ကျောင်းက ဆရာမတွေရော ကျောင်းသားတွေရောက ပါပါးကို သားအကိုလားတဲ့..."

"ဟင်..."

"မင်းပါပါးနုတော့ အဲ့လိုထင်ကြတာမဆန်းပါဘူးကွာ..."

"ဟာဗျာ....ဖေဖေမသိဘဲနဲ့...
တချို့အတန်းကြီးက မိန်းကလေတွေဆို သားကိုမောင်လေး မောင်လေး ဆိုပြီး ပါပါးကိုမုန့်တွေလာလာပေးခိုင်းတာ..."

"ဟေ....ဟုတ်လား..."

"ဟုတ်တယ်...
ဒီနေ့လည်း ဘယ်ကအဖိုးကြီးမှန်းမသိဘူး သားတို့ဆိုင်ကယ်ဘေးကဖြတ်သွားတာ သားကိုယောက်ဖတဲ့..."

"ဘာပြောတယ်..."

"အခုမှဒေါသထွက်မနေနဲ့...
အဲ့တာဖေဖေမကောင်းလို့ဖြစ်တာ...
ပါပါးကို ဘောင်းဘီတိုတွေမဝတ်ခိုင်းပါနဲ့ဆိုတာကိုလည်း ဝတ်ခိုင်းတယ်...
ပါပါးလာကြိုရင် တူတူလိုက်ခဲ့ပါဆိုတာကို လိုက်မှမလိုက်ခဲ့ဘဲနဲ့...
ယူထားတာငယ်ငယ်ရွယ် ပါသွားမှဟုတ်ပေ့ဖြစ်နေမယ်...
တော်ပြီ ဖေဖေ့ကိုပြောပြရတာပင်ပန်းတယ်...
ဖေကြီး ပါးလေး ဖေဖေ သားအပေါ်တက်ပါတော့မယ်ခင်ဗျ..."

စကားတွေကိုတတွတ်တွတ်ပြောပြီး အကုန်လုံးနှုတ်ဆက်ကာ ထွက်သွားတဲ့ကောင်လေးကိုကြည့်ပြီး အကုန်လုံးမှာပါးစပ်အဟောင်းသားဖြစ်သွားသည်..။

"ဒီကောင်လေး ဘယ်သူနဲ့တူလို့ ဒီလိုလေးဖြစ်နေရတာလဲ?..."

"ကိုယ်လည်းမသိဘူး ကလေး...
သေချာတာတော့ ကိုယ်နဲ့တူတူမဟုတ်ဘူး...
ဘာလို့ဆို ကိုယ်က သူ့လိုပွစိပွစိမပြောဘူး..."

ဦးရဲ့ကလေးဆိုးလေး (ချစ်တော့ချစ်တယ်..အလိုမလိုက်ဘူး..) (completed)Where stories live. Discover now