ep 2

22.5K 1.2K 32
                                    

"📲...!!! "

ယသော် တစ်ယောက် သူ့ဖုန်းထဲ ဝင်လာတဲ့ ပုံကို ကြည့်ပြီး ဒေါသထွက်မိသွားသည်။
ချက်ချင်းပဲ အဝတ်အစားလဲကာ  ကျော်စွာ ပို့ထားတဲ့လိပ်စာအတိုင်း club ဆီကို ထွက်လာခဲ့လိုက်၏။

ပုံထဲမှာ မဒီခေတ်က ကောင်လေးတစ်ယောက်နဲ့ ဖက်ပြီး ကနေတယ်လေ။ တောက်...

ကားကို လီဗာ မိုင်ကုန်တင်ပြီး မောင်းလာတာ
၁၅မိနစ်အတွင်းပဲ Midnight ဆိုတဲ့ ကလပ်ကိုရောက်လာခဲ့တယ်။

ရောက်တာနဲ့ ကျော်စွာ ကို ဖုန်းဆက်မေးပြီး သူတို့ရှိရာကို အမြန်ဝင်လာတော့ ဟော...တွေ့ပါပြီ ... ဘဲကြီးတစ်ပွေရဲ့ ရင်ခွင်ထဲရောက်နေတဲ့ မဒီခေတ်။

သူဘာမှ မစဉ်းစားနိုင်တော့ဘူး။ အဲ့ဘဲကြီးကို ရိုက်ဖို့အတွက် အနီးနားမှာရှိနေတဲ့ ပုလင်းခွံတစ်ခုကို ကောက်ကိုင်ပြီး မဒီခေတ်တို့ဆီကို တန်းတန်း လျှောက်သွားလိုက်တယ်။ အနားရောက်တာရဲ့ မဒီခေတ်ကို သူ့ဖက် ဆွဲခေါ်ထုတ်ပြီး အဲ့ဘဲကြီးကို ရိုက်မယ်ပြင်တော့...

"အယ်....ကိုကို "

"ဟုတ်...ဟုတ်တယ်လေ ညီမလေး။ ကိုကို...ကိုကိုလေ။ ညီမလေးက အဲ့ပုလင်းကြီးနဲ့ ကိုကို့ကို ဘာလုပ်မလို့လဲ ရိုက်မလို့လား"

"မဟုတ်ပါဘူး...ဟီး"

ယသော်သူ့လက်ထဲက ပုလင်းခွံကို အမြန်ချပြီး ကိုကို့ကို မျက်နှာချိုသွေးပြလိုက်ရတယ်။
ဟိုငချွတ်မလေးကတော့ ကောင်းတယ် နည်းတောင်နည်းသေးတယ် လျှာရှည်ချင်အုံးဆိုပြီး ပြောင်ပြနေလေရဲ့။

"ကဲ...ရှင်းပါအုန်း မိယသော် ညဉ်းလုပ်တာ ကိုကိုတော့ ခေါင်းကွဲဖို့ လက်တကမ်း အလိုပဲနော်။ပြောပါဦး လူမိုက်လုပ်နေရတဲ့ အကြောင်းအရင်းကို"

"ဟီး...ကိုကိုကလည်း အဲ့တာ ကိုကို ညီမကြောင့်လေ။ ယသော်က ကိုကို့ညီမလေးကို တခြားသူတွေ လာထိမှာဆိုးလို့ ကာကွယ်ပေးမလို့ပါ"

သူ့ကိုကာကွယ်ပေးဖို့အတွက်။ ဟက်...ဘယ်လိုတောင် အရှက်မရှိတဲ့ စကားလဲ။ ဒီတစ်ကမ္ဘာလုံးမှာ ရန်သူဆိုလို့
သူတစ်ယောက်ပဲရှိတာကိုလေ။
မဒီခေတ်က ယသော်ရဲ့ စကားကို ကြားပြီး စိတ်ထဲကနေသာ ထေ့ငေါ့လိုက်တော့တယ်။

PsychoWhere stories live. Discover now