ep 8

12.6K 788 18
                                    

အကြင်လင်မယားတွေ ဖြစ်သွားပြီဆိုကတည်းက မဒီခေတ်နဲ့ ယသော်တို့ဟာ လူရှေ့မရှောင် သူရှေ့မရှောင် လုပ်ချင်ရာတွေ လုပ်တက်လွန်းလို့ အခန်းထဲက လူတွေအားလုံး သူတို့နှစ်ယောက်ကို neglect ထားလိုက်ကြသည်။

အခန်းထဲကလူတွေကတော့ ရင်းနှီးတဲ့ တစ်ခန်းထဲသား သူငယ်ချင်းတွေဖြစ်တာမို့ ယသော်နဲ့ မဒီခေတ်တို့ရဲ့ ဖြစ်တည်မှုကို မဝေဖန်ပဲ လက်ခံခဲ့ကြပေမယ့် ကျောင်းထဲရှိ တခြားအတန်းလူတွေ၊ တခြားမေဂျာအချို့ကလူတွေ ၊တချို့ ဆရာမတွေကတော့ သူတို့နှစ်ယောက်ကို 'ဟယ်... မိန်းမချင်းကြီးလား ဆိုပြီး' နှာခေါင်းရှုံ့ချင်ကြသည်လေ။

သူတို့တွေသာ အဲ့စကားတွေကြားပြီး ပူဆွေးဝမ်းနည်းနေမယ်ထင်ရင်တော့ နင်တို့တွေ အမှားကြီး မှားသွားပါလိမ့်မည်။ အရူးလိုယသော်နဲ့ အရွဲ့တစ်လိုင်း မဒီခေတ်တို့က သူတို့ရှေ့ လာစောင်းမြောင်းရင် သူတို့က ပြန်ပြီးပက်တက်ကြသည်။ တစ်ခါတလေ အရွဲ့တိုက်ပြီး kissing တွေပါ ဆွဲပြလိုက်သေးသည်လေ။

အဲ့လိုတွေ လုပ်တတ်လွန်းလို့လဲ အခန်းထဲက လူတွေက သူတို့နှစ်ယောက်ကို neglect လိုက်ကြတာပေါ့။ တကယ်ပါ သူတို့ မယားမိန်းမကိုတော့ စလန်သ တယ်။

အခုလဲကြည့် အခန်းထဲက ရှေ့ဆုံးလိုင်းမှာထိုင်ပြီး ပေါင်ပေါ် တက်ထိုင်လို့ထိုင်၊ ပုခုံးပေါ် မှီထားလို့ မှီထားနဲ့ ပါးလေးနမ်းလိုက်၊ နှုတ်ခမ်းလေးနမ်းလိုက် လုပ်နေသည့် သူတို့က တစ်ခန်းလုံးမှာ သူတို့နှစ်ယောက်ပဲ ရှိနေသလား အောက်မေ့ရပါတယ်။ တခြားလူတွေကို ဖုတ်လေတဲ့ငပိ ရှိတယ်လို့ကို စာရင်းမသွင်းတာပါ။

ဒါတောင် သူတို့က public မှာ မို့ အနေအထိုင်ဆင်ခြင်နေရတာလို့ ဆိုလာသေးတာ။ အင်း... ထပ်ပြောရင်လည်း မကောင်းရှိတော့မယ်။ အခုတော့ သူတို့တွေ အားမနားပါးမနား ro နေကြသည်ကို ကိုယ့်ထမင်းကိုယ်စားပြီး ထိုင်ကြည့်နေရသည် အဖြစ်။ ဘယ်တတ်နိုင်မလဲ နေသားကြနိုင်ဖို့ပဲ ကြိုးစားရတော့မည်လေ။

"ဒီဒီ... ငါတို့ ဒီနေ့ ဘယ်ကိုသွား date ရင် ကောင်းမလဲ"

"movie dateဆိုရင်ရော"

PsychoWhere stories live. Discover now