အခန်း၂

29.4K 620 31
                                    

အချစ်ရဲ့ ခေါ်ဆောင်ရာဆီသို့
...................................

ကျွန်တော် စိတ်ပျက်လက်ပျက်နဲ့ သာ ကားပေါ်က ဆင်းပြီး...
ငါး ဘော့နပ် ကို လှမ်းကြည့်လိုက်ရတယ်....ချောင်းတောင် ဆိုးတယ်ဗျာ..ပုသိမ်မြို့မှ ကြိုဆိုတုန်းရှိသေးတယ်...မီးခိုး အူနေတဲ့ ကားတစ်စီးနဲ့ ကျွန်တော်ဖြစ်နေခဲ့ပြီ...

အမှန်က ကိုကြီး ကို suprice တိုက်မလို့...ဘွားခနဲ့ ရုပ်သွားပြပြီး သူဝမ်းသာ တာ ကြည့်ချင်လို့လေ...အခုတော့ ဒီကားကြောင့် အဲ့ဒီအိမ်မက်လေး ကတော့ ဆုံးရှုံးပြီထင်ပါတယ်...
ပုသိမ်မှာ ကျွန်တော့ အတွက် အသိဆိုတာ ကို မိုးည ကလွဲလို့ ဘယ်သူမှမရှိ....ဟူး..မတတ်နိုင် ဖုန်းလေး ထုတ်လို့... ကိုမိုးညကိုပဲ လှမ်းခေါ်လိုက်ရတော့တယ်...

"ဟလို..ကိုကြီး..."

"ဟာ...ဓနလေး..ထူးထူးခြားခြား ဖုန်းတွေဆက်လို့ပါလား.."

ကျွန်တော် စူပုတ်မိလိုက်တယ်..ဟုတ်တယ်လေ..ဖုန်းခေါ်နည်းပေးမယ့် သတိရပါတယ်နော်....

"ဟာ..ကိုကြီးကတော့ လုပ်ပြီ...ညီ့ကို အခု လာခေါ်ပေးနိုင်မလား..."

"ဟေ...ညီက ဘယ်ရောက်နေလို့တုန်း..."

ကျွန်တော်..ရယ်လိုက်မိတယ်...

"အဟဲ...ညီအခု ပုသိမ်ရောက်နေပြီ...ဒါမယ့် မြို့ ဝင်ဝမှာ ကာပျက်လို့ ငုတ်တူတ်မေ့နေတယ်..အဲ့ဒါ ကိုကြီးလာခေါ်ပါဆို..."

"ဟာ...ဓန လေးက ကို့ဆီလာတာလား...ပုသိမ်မှာ အသိရှိလို့လား.."

အရေးထဲ ကိုကြီးကလဲ မေးခွန်းတွေများနေသေးတယ်..ကျွန်တော်စိတ်မရှည်နိုင်တော့

"ဟာ..ကိုကြီးကလည်း စကားတွေတစ်အားများတာပဲ...ပုသိမ်လာပါတယ်ဆိုမှ ကိုကြီးဆီလာတာပေါ့ဗျ...ဒီမှာ ကားပျက်နေပါတယ်ဆို..စိတ်တိုလာပြီနော်..လာခေါ်မှာလား မခေါ်ဘူးလား..."ဆိုမှ

တစ်ဖက်က ပြာပြာသလဲ ဖြစ်သွားတဲ့ အသံနဲ့...

"ဟာ..မဟုတ်ဘူး လာခေါ်မယ် အခု ထွက်လာမယ်..အဲ့ဒီမှာပဲ စောင့် ကိုဝမ်းသားသွားလွန်းလို့ပါကွာ နော်  စိတ်မဆိုးနဲ့ ကလေး..ကဲကဲ အခုလာပြီ..သိလား..."

Psycho Trap 🔞(unicode complete)Where stories live. Discover now