ဆုံးဖြတ်ချက်
..................ကျွန်တော် အံ့အားသင့်စွာ ကြည့်နေမိတုန်းမှာပဲ ကိုမိုးည က ဒါးကို မြှောက်ပြီး ကျွန်တော့ကို အားကုန်ပြေးဝင်ကာစောင့်ထိုးလိုက်တော့..ကျွန်တော် ရုတ်တစ်ရက် အသိဝင်လာပြီး ခန္ဓာလေး ရို့ကာ ရှောင်လိုက်ရပေမယ့် ကျွန်တော့ရဲ့ လက်မောင်း သားလေး ကို ဒါးထက်ထက်က အနဲငယ်..ဖြတ်ခွဲသွားပြီး အရှိန်အတူတူ ကိုမိုးည တစ်ယောက် ပါသွားကာ..ကျွန်တော့နောက်က နံရံဆီကို သွားကပ်နေပါတော့တယ်...
ကျွန်တော် နာကျင်သွားတဲ့ လက်မောင်းတစ်ဖက်ကို ဖိထားရင်း ဘယ်ကို ပြေးရမယ်မသိ ဖြစ်နေသလို ..ကိုမိုးညကလည်း နံရံကို စိုက်ဝင်သွားတဲ့ ဒါးကို ဒေါသတစ်ကြီး ဆွဲထုတ်နေတယ်လေ...
ကျွန်တော် အသိဝင်လာပြီးနောက်တော့...အပေါ်ထပ် ကျွန်တော့ရဲ့ အိပ်ခန်းထဲကိုသာပြေးဝင်ပြီး...အဝတ်ဗီဒိုထဲဝင်ပုန်းနေမိလိုက်တယ်...ဘာလုပ်လို့ ဘာကိုင်ရမယ်မသိ..အသက်ကို ဝဝရှူလို့ငြိပ်သပ်နေမိလိုက်တယ်လေ...
နောက်မှ အတွေးထဲ လူတစ်ယောက်ကို သတိရသွားတယ်..အဲ့ဒါက စခန်းမှုူး ကို သန်းထိုက်...ကျွန်တော် ဖုန်းကို အမြန်ထုတ်ယူပြီး..contat box ကို အသဲအသန် ရှာနေရတော့တယ်..လက်တွေကလည်း တုန်ရင်းလို့ အမြင်တွေလည်း မောက်ပြီး တော်ရုံ ရှာမတွေ့....ခဏနေတော့..ကိုသန်းထိုက်ရဲ့ နံပါတ်ကို တွေ့သွားတာနဲ့ အချိန်မဆိုင်းတော့ပဲ ကျွန်တော် ဖုန်းခလုပ်ကို နိုပ်ချလိုက်ပါတော့တယ်...
"လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ မအားသေးပါသဖြင့်..."
"Shit! !! ဖုန်းက ဘာလို့ အခုထိ မအားသေးတာလဲ...ငါကွာ.."နောက်တစ်ခါပြန်ခေါ်ကြည့်တယ်...
"လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ မအား..."
"ဟာ...ကိုင်ပါ...မြန်မြန်ကိုင်ပါ..."ကျွန်တော် နောက်တစ်ခါ ထပ်ခေါ်ဖို့အလုပ်မှာတော့ တစ်ဖက်က ဖုန်းအဝင် ပြန်ထွက်လာတယ်..ကိုသန်းထိုက်တဲ့...
"ဟလို..ညီ..ဘာထူးလဲ ကို ရုံးချုပ်ကဖုန်း..."
"ဟလို..စခန်းမှူး ကျွန်တော့ကို အမြန်လာကယ်ပါ..ကျွန်တော် အိမ်ကြီးမှာ ပိပ်မိနေတယ်..ကိုမိုးည ဒါတစ်ချောင်းနဲ့ လိုက်နေတယ်..အမြန်လာကယ်ပါ..."
YOU ARE READING
Psycho Trap 🔞(unicode complete)
Horrorစိတ္တဇထောင်ချောက်တစ်ခုထဲ သင်ကိုယ်တိုင်ရောက်သွားတဲ့ ခံစားချက်မျိုး လိုချင်ရင် ဒီ fic ကို သင်ဖတ်နိုင်ပါတယ် သို့ပေမယ့် 18+နော်😁