chapter 17(will you marry me🐯🐿️)

1.6K 187 10
                                    

အိမ်ထဲကိုမဝံ့မရဲ၀င်လာရင်း

"အဲ့တာဘယ်ကပြန်လာတာလဲ"

တည်တင်းနေတဲ့အဖေ့အသံကြားလိုက်ရတော့ခန္ဓာကိုယ်တောင်တုန်တက်သွားသည်

"ဟို...ji အပြင်....."

"ဟိုတွေဒီတွေလုပ်မနေနဲ့အလိုလိုက်လို့ပျက်စီးနေတာလားနောက်တစ်ပတ်မင်းနိုင်ငံခြားမှာကျောင်းသွားတက်ရမယ်ဒါပဲ"

လည်နေတဲ့ကမ္ဘာကြီးကခေတ္တရပ်သွားသလိုပဲ
.
.
.
.
.
ဟိုပေါက်စလေးကိုခြံရှေ့ထိလိုက်ပို့ပြီးစိတ်ထဲမှာထင့်နေတာဘာလို့မှန်းမသိအိမ်ထဲထိလိုက်ပို့ပေးမယ်ပြောတော့လဲရှက်လို့ဆိုပြီးအတင်းအိမ်ပြင်မှာထားခဲ့တာ

ဒီးးးးးးးးးးး

ဘောင်းဘီအိတ်ထဲမှဖုန်း၀င်သံကြောင့်နံပါတ်ကိုကြည့်လိုက်တော့Jiဘာလို့ပါလိမ့်

"ဟဲလို"

"ဟင့်..ဟင့်.."

"jiဘာလို့ငိုနေတာလဲပြောလေအိမ်ကဆူလို့လားကိုယ်လာရှင်းပြ......."

"jiနိုင်ငံခြားမှာကျောင်းသွားတက်ရတော့မယ်kookie"

ငိုရှိုက်သံတွေနဲ့ပြောလာတဲ့jiစကားကဆိုဖာပေါ်ပစ်စလက်ခက်ထိုင်ကျသွားလောက်အောင်လုပ်ဆောင်နိုင်ပါသည်

ဖုန်းကိုနားနဲ့ကပ်ပြီးအသိစိတ်လွတ်နေတုန်း

"kookie jiပြောတာကြားလား"

"ကြားတာပေါ့jiရယ်ဘယ်တော့သွားရမှာလဲ"

"နောက်တစ်ပတ်ji ယုန်ကြီးနဲ့မခွဲနိုင်ဘူး"

မင်းလေးကသာမခွဲနိုင်ဘူးပြောနေတာဒီကောင်ကြီးကရောခွဲနိုင်မယ်ထင်နေတာလားအော်ဟစ်ငိုချင်ပေမယ့်သူငိုရင်jiပိုဆိုးလိမ့်မယ်

"jiကလည်းနိုင်ငံခြားကပြန်လာရင်ကိုယ်တို့လက်ထပ်ကြမယ်လေဘယ်နှစ်နှစ်ကြာမှာမို့လဲ"

"၆နှစ်"

ခေါင်းတည့်တည့်မိုးကြိုးပစ်လိုက်တာမှခံသာအုန်းမည်၆နှစ်ကြီးများတောင်သူဘယ်လိုအင်အားနဲ့ခွဲနိုင်မှာလဲအခုလိုနေ့တိုင်းတွေ့နေရတာတောင်သူ့မှာချစ်မ၀ဖြစ်နေတာ

မင်ရဲ့ကူး(complete)Hikayelerin yaşadığı yer. Şimdi keşfedin