ကျွန်တော့် ခိုင်းဖက်ကောင်မလေးပေါ့ ရုပ်ဆိုးဆိုးနဲ့ လေ သူက ကျွန်တော့်ကို သဘောကျလို့တဲ့ သူ့ရုပ်မှ အားမနာ အင်းပေါ့လေ ကျွန်တော်က နူတ်ခမ်းနီမလေးတွေ အကြိုက် King ဖြစ်နေတာကိုး အဲ့ဒါနဲ့ ကျွန်တော်လည်း နင် ငါ့ကို ကြိုက်ရင် ငါဆိုးသမျှ သည်းခံနိုင့်ပါ့မလားလို့ မေးတော့ သူက လက်ခံတယ်တဲ့လေ ပြန်ကြိုက်ပေးပါတဲ့ ဘယ်လိုတောင် အမြင်ကတ်စရာကောင်းလဲ ကျွန်တော်လည်း အဲ့ဒီ့နေ့က စပြီး သူ့ကို တမင်တကာကို အနိုင်ကျင့်တော့တာဘဲ ဒါ သူ့အကြိုက်ပဲလေ ဒါပေမယ့် ကျွန်တော်နှိပ်စက်ခဲ့တဲ့အရာတွေက နောင်တတွေ ဖြစ်လာမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး........... ကျွန်တော် သူ့ကို မချစ်မိခင်အထိပေါ့...