လွန်ခဲ့သည့်ခြောက်လတွင် မြို့များအထက်၌ လွင့်မျောနေသည့် သိန်းချီသော Black towerမ်ား ကမ္ဘာအနှံ့တွင် ရုတ်တရက်ပေါ်ထွက်လာခဲ့သည်။ ဓာတုဗေဒပညာရှင်များ၊ ရူပဗေဒပညာရှင်များ၊ ဘာသာတရားကိုင်းရှိုင်းသူများ...ထိုသူများအားလုံး ဘာလုပ်ရမှန်းမသိခဲ့ၾကေပ။ ခြောက်လကြာပြီးနောက် Towerမ်ား၏ တည်ရှိမှုနှင့် အသားကျလာပြီဖြစ်ရာ ထိုအရာမ်ားကို မည်သူကမှ အရေးမထားတော့ချေ။ တစ်နေ့တွင်တန်မိုသည် ပျံသန်းနေသောအင်းဆက်တစ်ကောင်က Towerကိုဖြတ်သန်းသွားရမယ့်အစား ဝင်တိုက်မိကာ ပြုတ်ကျသွားသည်ကို မြင်ခဲ့ရသည်။ နောက်တစ်နေ့၌ စူးရှကြည်လင်၍ ကလေးအသံနှင့်တူသော အသံက လူသားများအားလုံးဆီသို့ ကြေညာခဲ့၏။ "ဒင်းဒေါင်! ၂၀၁၇ခုနှစ်၊ နိုဝင်ဘာ၁၅ရက်၊ ကမ္ဘာကြီးအွန်လိုင်းပေါ် ရောက်ရှိသည်"