Description ကျန်းရှောင်မန်တစ်ယောက် သူမအသက်သုံးနှစ်အရွယ်တွင် စနစ် တစ်ခုဖြင့် ချိတ်ဆက်မိခဲ့သည်။ စနစ်က သူမဟာ ချမ်းသာသည့်မိသားစုတစ်ခု၏ ပျောက်ဆုံးနေသော ကလေးတစ်ယောက်ဖြစ်သည်ဟု ပြောပြခဲ့ပြီး သူမ၏တာဝန်က ဇာတ်လမ်းထဲရှိ အမြှောက်စာ ဇာတ်ကောင်လေးဖြစ်ရန်ဟု ပြောခဲ့သည်။ သူမ မိဘများ မွေးစားခဲ့သော သမီးအတုက ဇာတ်လမ်း၏ အမျိုးသမီးဇာတ်လိုက်ဖြစ်ပေသည်။ ကျန်းရှောင်မန် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် မေးလိုက်သည်။ "အမြှောက်စာဇာတ်ကောင်ဆိုတာ ဘာလဲဟင်..." စနစ်: "မင်းတို့တွေအားလုံးက စာအုပ်တစ်အုပ်ထဲမှာ ရှင်သန်နေကြတဲ့လူတွေဖြစ်ပြီးတော့ လူတိုင်းမှာ တာဝန်ယူရတဲ့ ဇာတ်ကောင်တွေရှိတယ်လေ... အခုကစပြီး မင်းက စိတ်ထားမကောင်းဘဲ ဆိုးသွမ်းတဲ့ ကလေးတစ်ယောက်ဖြစ်လာရတော့မှာ... မင်း အဲ့ကောင်လေးကို မြင်လား... သူက မင်းထက် မြင့်တဲ့ ဇာတ်ကောင်ပဲ... အနာဂတ်မှာ သူကဗီလိန်အကြ