ရှေးဟောင်းနတ်ဘုရားများ လွန်ပြီးနောက်တွင် ကမ္ဘာပေါ်၌ နတ်ဘုရားတစ်ပါးတည်းသာ ကျန်ရှိတော့သည်။ အဆိုပါ နတ်ဘုရားသည် နှစ်ထောင်ပေါင်းများစွာ တစ်ကိုယ်တည်းနေထိုင်ကာ မည်သို့သော စိတ်ဆန္ဒမျှ သူ့တွင် မကျန်တော့ပေ။ ဒဏ္ဍာရီတွေကတော့ ဤသို့ဆိုကြ၏။ သုံးလောက မဟာစစ်ပွဲကြီး၏ ရလာဒ်ကို ပြောင်းပြန်လှန်စေရန်အလို့ငှာ သူ့စွမ်းအင်တွေကို အသုံးပြုခဲ့ပြီး အသူရာချောက်ကြီးကို ချိတ်ပိတ်နိုင်ခဲ့ကာ သုံးလောကကို အစီအစဉ်တကျ ပြန်ဖြစ်စေခဲ့သည်တဲ့။ ဤသို့ဖြင့် နှစ်ရာပေါင်းများစွာ မျက်စိတစ်မှိတ်အတွင်းမှာပင် ကုန်ဆုံးသွားခဲ့၏။ မျက်မှောက်ကာလတွင် ရှန်လီသည် မကောင်းဆိုးဝါးလောက၌ မွေးဖွားလာခဲ့သည်။ မိုးပြာသခင်မဟု ကျော်ကြားသည့် သူမသည် အောင်မြင်မှုများခညောင်းကာ တောက်ပသောဘဝတွင် ရှင်သန်နေထိုင်ခဲ့သည်။ သို့သော် သူမ၏ နှစ်တစ်ထောင်ပြည့်မွေးနေ့တွင်တော့