လမ်းဆုံး...။ လမ်း၏ အဆုံးသတ်သည် မည်သို့သောအရာ ရှိနေမည်နည်း။ ခမ်းနားလှပသော မြို့ပြတစ်ခုလည်း ဖြစ်နိုင်သည်။ နေရောင်ခြည်အောက်တွင် ရောင်စုံပန်းများ လှပစွာပွင့်ဝေနေသည့် ဉယျာဉ်တစ်ခုလည်းဖြစ်နိုင်သည်။ ငြိမ်းချမ်းသော၊ အလိုရမ္မက်နည်းပါးသော၊ ထိုင်ခုံတစ်လုံးပေါ်တွင် ဖင်မှအမြစ်ထွက်အောင် ထိုင်တတ်သူများမရှိသော၊ အရောင်အဆင်း ခွဲခြားမှုမရှိသော အရပ်ဒေသတစ်ခုလည်း ဖြစ်နိုင်သည်။