- 19 -

4K 236 2
                                    

Zawgyi

ဝမ်ရိပေါ်……

"သူက ဘယ်သူလဲ လင်းအာ!!"

အရပ်ရှည်ရှည် မျက်နှာချောချောနဲ့ အကိုကြီးတစ်ယောက်က
ကျွန်တော့်ကို ဝမ်လေးလို့ တရင်းတနှီးခေါ်နေပေမဲ့ ဘာလို့
သူ့ ကို မမှတ်မိဖြစ်နေတာလဲ။

"အဲ့ဒါ အကို ရှောင်းကျန့်လေ"

"ရှောင်းကျန့်…"

နာမည်နဲ့ပတ်သတ်ပြီး နည်းနည်းလေးတောင်တွေးလို့မရ။ဘာဖြစ်လို့ သူ့ ကိုကျမေ့နေရတာလဲ။တွေ့ ဖူးသလို ခံစားနေပေမဲ့လည်း
ဘယ်သူမှန်း တကယ့်ကို တွေးလို့မရ။

"ကျွန်တော် အပြင် ခနသွားဦးမယ်"

အဲ့လူက မျက်နှာညိုးကာ ငိုတော့မည့် မျက်နှာနဲ့ အပြင်သွားမယ်ဆိုပြီး ထွက်သွားလေသည်။အဲ့တော့လည်း ရင်ထဲမှာ စူးကနဲ။ထူးဆန်းတယ်…သူက အကိုတစ်ယောက်ဖြစ်ရုံနဲ့ နှလုံးသားက စူးကနဲဖြစ်သွားစရာလား။

ရှောင်းကျန့်……

ကျွန်တော့်ကိုမှ ကွက်ပြီး မမှတ်မိတဲ့ ဝမ်လေးကို ကျွန်တော်
မယုံတာကြောင့် ဒေါက်တာဆီ ပြေးလာခဲ့သည်။

"ဒေါက်တာ!!"

"……"

"ဟို သီးသန့်အခန်းထဲက ဝမ်ရိပေါ်ဆိုတဲ့ လူနာက ကျွန်တော့်တစ်ယောက်ထဲကိုပဲ ကွက်မေ့နေတာ ဖြစ်နိုင်ပါသလား ဒေါက်တာ"

"ဒီက လူနာနဲ့ဘာတော်ပါသလဲ"

"အမှန်အတိုင်းပြောရရင် သူနဲ့ကျွန်တော်က လက်ထပ်တော့မယ့်ချစ်သူတွေပါ"

"အက်စီးဒန့် မဖြစ်ခင် နှစ်ယောက်ခြားတစ်ခုခု ဖြစ်ခဲ့ကြသေးလား"

"လက်ထပ်ခွင့် တောင်းခဲ့ပါတယ်။ပြီးတော့ ဝမ်လေးက ပျော်ပြီး လမ်းနောက်ပြန်လျှောက်သွားရင်းနဲ့ ဟိုက လာတဲ့ကားနဲ့
တိုက်မိသွားတာပါ။ကျွန်တော် မျက်မြင်သက်သေပါ။
ကျွန်တော်တို့နှစ်ယောက်ခြား ဘာမှကိုဘာမှ မဖြစ်ခဲ့ပါဘူး"

"ဒီတိုင်းဆို ခဗျားတို့နှစ်ယောက်ကြားမှာ နာကျည်းစရာတစ်ခုခုရှိလို့ ခဗျားကို သူမေ့လိုက်တာလို့ပြောလို့ရပေမဲ့ အခုက ဘာမှဖြစ်ခဲ့တာ မဟုတ်ဘူး။သူ ခန မေ့နေတာဖြစ်မယ်။
သတိရလာမှာပါ။အခုမှ ပြန်သတိရလာတာဆိုတော့ သူသိပ်မစဉ်းစားနိုင်သေးလို့ ဖြစ်မယ်"

Could U Be Here With Me Forever ? [ Competed ]Where stories live. Discover now