- 29 -

4K 186 5
                                    

Zawgyi

ဝမ်ရိပေါ်……

ငှက်ကလေးတွေရဲ့ တကျိကျိအော်သံကြောင့် အိပ်ယာမှ နိုးလာသည်။ဘေးနားကို လိုက်စမ်းကြည့်တော့ ပြောင်သလင်းဖြစ်နေသည်။

ကိုကို ထမင်းဟင်း ထချက်နေတာ ဖြစ်မယ်။ကျွန်တော့် အိမ်ရှင်ထီးလေးက အရမ်းဝီရိယရှိတာ။ကိုယ်မှာ ကိုကိုခြုံပေးထားတဲ့ စောင်လေးကို ကုတင်အောက်ကို ကန်ချလိုက်သည်။

ပြီးရင် ကိုကိုလာခေါက်လိမ့်မယ် ဟီးဟီး။ကုတင်အောက်က ဘောင်းဘီအတိုလေးကို ကောက်ပြီး ဝတ်လိုက်သည်။စွပ်ကျပ်တစ်ထည်ကိုလည်း ကောက်စွပ်လိုက်ပြီး ကိုကိုရှိရာသို့ လာလိုက်သည်။

ကျောပေးကာ ဟင်းချက်နေသည့် ကိုကို့အနောက်မှနေ၍ ခါးလေးကိုတိုးပြီး ဖက်လိုက်သည်။ဂုတ်သားဖြူဖြူလေးကို တိုးတိုးဝှေ့ပြီး နမ်းလိုက်သည်။

"ငြိမ်ငြိမ်နေ ဝမ်လေး! ကိုကို ယားတယ်"

"ဟီး ချစ်လို့လေ "

"ကိုကို ဒီမှာ ဟင်းချက်နေတယ်လေ ကောင်လေးရဲ့"

"ဘယ်က ကောင်လေးတုန်း!!"

"အော်"

"အော်!!"

ကိုကို့စကားကို လိုက်ပြောတော့ ကိုကိုက တည်ရင်း ပြုံးသွားသည်။

"ခွေးလေးလေ အဲ့ကောင်လေးက"

"စကားကို တည့်တည့်ပြော!"

"ထွက်သွား မင်း!"

"စကားကို အတည့်ပြောနိုင်မှ ထွက်သွားခိုင်း!"

မွမွ!

ကိုကို့ရဲ့ ပါးကို နစ်ဝင်အောင် နမ်းလိုက်သည်။

"သွားစမ်း မျက်နှာတောင်မသစ်ရသေးဘဲ သရေတွေနဲ့!!"

"သရေတွေ မဟုတ်ပါဘူး။ကိုကို့ညီလေးက အရည်တွေပါ"

"သွားစမ်း!!"

"အယ် မျက်နှာကြီးက နီနေပြန်ပြီ။ညတုန်းက သူမဟုတ်တဲ့ အတိုင်း!"

"ဝမ်လေး!!"

"ဗျာ ကိုကို!!"

"သွား ရေသွားချိုးတော့!"

"ဟုတ်"

ကိုကို့ တင်ပါးလေးကို တစ်ချက်ဖျစ်လိုက်ပြီး အခန်းထဲ ပြန်ပြေးဝင်လာလိုက်သည်။မပြေးရင် အနောက်က ဇွန်းခွက်နဲ့ လှမ်းပစ်မှာ စိုးလို့။ကိုကိုက သိပ်ကြမ်းလာတာ!!

Could U Be Here With Me Forever ? [ Competed ]Where stories live. Discover now