- 2 -

6.6K 468 3
                                    

Zawgyi

ဝမ်ရိပေါ်……

ကျောင်းတက်တာ နှစ်ပတ်ပင်ရှိလာလေပြီ။
လင်းအာနဲ့ အတူတူ ကျွန်တော်တို့ သူငယ်ချင်းတစ်စု ဆိုင်တစ်ဆိုင်မှာ တွေ့ ဖို့ ချိန်းလိုက်လေသည်။

ဟောက်ရွှမ်းမှစ၍……

"ရိပေါ် ငါတို့ကို ဘာပြောစရာရှိလို့ ချိန်းတာလဲ"

"ငါ ဟို တစ်ခါပြောတဲ့ အစီအစဉ် ဒီအပတ်စရင်ကောင်းမလားလို့!!"

"ဘယ် အစီစဉ်လဲ"

"ဟို ကျက်သရေတုံးကို ကစားဖို့ အစီအစဉ်လား မောင်"

"မောင့် လင်းအာလေးက တော်လိုက်တာ။ဟုတ်တယ် အဲ့အစီအစဉ်ပဲ"

ကျိရန်နဲ့ဟောက်ရွှမ်းက ခေါင်းငြိမ့်ပြရင်း ကျိရန်က မေးသည်။

"အဲ့တော့ ငါတို့က ဘာကူညီရမှာလဲ"

"မင်းတို့ ကူညီပေးရမှာက ငါ့ကိုကျောင်းမှာတွေ့ ရင် မခေါ်ကြနဲ့။
ဒီလို အပြင်မှာပဲ တွေ့ ကြမယ်။တကယ်လို့ကျောင်းမှာ တွေ့ ကြရင် ငါနဲ့လင်းအာအကြောင်းကို သူသိသွားလိမ့်မယ်။
အဲ့ဒါဆိုရင် ငါသူ့ ကို လိုက်လို့ရမှာ မဟုတ်တော့ဘူး"

"ဟုတ်ပြီ။"

"ဒါပေမဲ့ မင်းကွာ…အဲ့လိုမျိုးကြီးလုပ်ဖို့ လိုလို့လား"

"ငါ့ကောင်မလေးကို သူအရင်လုပ်သွားတာလေ။ငါက ငါပိုင်တဲ့ ပစ္စည်းထိရင် အငြိမ်မခံဘဲ ပြန်လုပ်တတ်တယ်။ငါ့ချစ်သူ
လင်းအာကတောင် လက်ခံသေးတယ်။မင်းတို့က ဘာဖြစ်နေတာလဲ"

"အေးပါကွာ။လုပ်ချင်တာသာ လုပ်ပါ။လွန်တော့ မလွန်စေနဲ့ပေါ့"

"ဟုတ်ပြီ။သားကြီးတို့ရေ…မနက်ဖြန် ကျောင်းတက်ရင် ငါစလိုက်တော့မယ်။မရရအောင် ကွေးအောင်လုပ်ပြမယ်"

ကျွန်တော် ထိုမှဲ့နက်လေးရှိတဲ့သူကို ရည်ညွှန်းကာ ကြိမ်းလိုက်သည်။စောင့်နေပါ…ကျွန်တော် စလာနေပြီ မှဲ့နက်လေး။

💥💥💥💥💥💥💥💥💥💥💥💥💥

ရှောင်းကျန့်…

ဒီနေ့ ကျောင်းသွားရမှာ သိပ်တောင်အဆင်မပြေသလို ဖြစ်နေသည်။ညက ရန်းလုနဲ့ စကားပြောတာ ညဥ့်နက်သွားတော့
အိပ်ရေးမဝဖြစ်နေသည်။

Could U Be Here With Me Forever ? [ Competed ]Where stories live. Discover now