Part - 4

377 92 9
                                    

Unicode

ရေစိုနေတဲ့ခေါင်းကိုသုတ်ကာဖျော်ထားတဲ့ကော်ဖီပူပူကိုတစ်ငုံယူသောက်ရင်း ရှုပ်ပွနေတဲ့စာအုပ်တွေကိုလိုက်လံထပ်ကာနေရင်း အခန်းတံခါးဖွင့်သံကြောင့်Yoshiလှည့်ကြည့်မိသည်...
လက်ထဲမှာဆေးသေတ္တာဘူးနဲ့တစ်လှမ်းချင်းဝင်လာတဲ့Junkyuကခုံမှာဝင်ထိုင်ရင်း ဆေးသေတ္တာကိုမေးငေါ့ပြသည်...
ထို့နောက် တံတောင်ဆစ်ထိရှည်တဲ့အကျႌလက်ကိုခပ်ဖြေးဖြေးဆွဲလှန်ပြတော့ တံတောင်ဆစ်အကျော်နားလေးမှာ ပွန်းပဲ့နေတဲ့ဒဏ်ရာကထင်းလင်းစွာပေါ်လာသည်....။

" ဟင်...ဘယ်လိုဖြစ်တာလဲ..."

အနားရောက်သွားပီး လက်ကိုယူကာကြည့်ရင်းမေးတော့ ငိုမဲ့မဲ့မျက်နှာလုပ်ကာပြသည်...Yoshiရယ်ရင်းJunkyuဆံပင်တွေကိုဖွကာပစ်ရင်းခုံကိုဆွဲကာဘေးနားဝင်ထိုင်လိုက်သည်....။

" အ...နာတယ် ဖြေးဖြေးသက်သာလုပ်စမ်းပါကွာ.."

ပစ်လဲကျတုံးကလမ်းမနဲ့ခြစ်မိခဲ့တဲ့တံတောင်ဆစ်က ပြဲထွက်သွားတာမှန်းပြန်ရောက်လို့ရေချိူးခါနီးမှသိပုံရသည်...။
တအားနက်တာမဟုတ်သည်တိုင်အောင် အရေခွံတွေစုတ်ပြတ်ကာသွားတာမို့ အတော်ကိုနာရှာမည်....

" ရလား...စပ်လား..."

ဒဏ်ရာကိုလေနဲ့ခပ်ဖွဖွမှုတ်ပေးရင်း မေးတော့မချိုမချဉ်ရုပ်လုပ်ကာခေါင်းညိတ်ပြသည်....။

" ရပီ...ရေချိုးရင်သတိထားဦး စပ်လိမ့်မယ်..."

" ငါသိပါတယ် အဲ့လောက်တော့ "

" သိရင်ပီးတာပဲ ပီးမှ Yoshiရေ ငါ့လက်ဘာညာဆိုရင် ရိုက်ထုတ်မှာ..."

" မင်းကပါရိုက်ထုတ်ရင်ငါဘယ်လိုလုပ်ရမလဲYoshi..."

Yoshiစနောက်ကာပြောလိုက်ပေမဲ့ ခပ်တည်တည်ပြန်မေးလာတာကြောင့် ပျာပျာသလဲပြန်ရှင်းရသည်....။
အခုလိုချိန်မှာ အထိမခံနိုင်အောင်ဖြစ်နေတဲ့Junkyuကိုသူအပြစ်မတင်ရက်....
စနောက်ရင်တောင်သတိထားသင့်သည့်အနေအထားကို သူ့ကိုယ်သူသာအပြစ်တင်မိသည်....။

" ငါကစတာပါ.....ဘာမှမဖြစ်ဘူး...မင်းပီးရင်ဆင်းလာခဲ့လေ ထမင်းစားမယ် ငါလဲရေချိုးဦးမယ်..."

𝑱𝒖𝒔𝒕 𝑭𝒓𝒊𝒆𝒏𝒅 // 𝒀𝒐𝒔𝒉𝒊𝒌𝒚𝒖حيث تعيش القصص. اكتشف الآن