Part - 2

502 98 14
                                    

Unicode

ကော်ဖီခွက်အားဇွန်းနဲ့တချွင်ချွင်ခပ်မွှေနေတဲ့သူမကမျက်တောင့်ကော့တွေအောက်ကနေတချက်တချက်လှမ်းလှမ်းကြည့်တာကိုခံစားမိပေမဲ့Junkyuစိတ်လှုပ်ရှားမနေ...။
ဆေးဆိုးပန်းရိုက်မျက်နှာကသူမြင်ဖူးနေကြထဲက တခုပါပဲ..။
မိန်းကလေးတွေကပြင်ရင်တပုံစံထဲဘာလို့တူနေတာလဲတော့သူအမြဲစဉ်းစားမိသည်..။

" ယူကအေးတယ်နော် စကားသိပ်မပြောဘူးပဲ..."

Junkyuဟက်ခနဲတချက်ရယ်လိုက်ရင်းခေါင်းခါလိုက်သည်..

" ထင်လို့ပါ...ကိုယ်ကမင်းရဲ့အလှကိုငေးရင်းပြောစရာစကားလုံးပျောက်နေတာ.."

စကားလုံးလှလှလေးကြောင့်အရှေ့ကသူမကတော့မျက်ခုံးတွေပင့်တက်သွားကာနှုတ်ခမ်းတွေကွေးညွတ်သည်ထိစိတ်လှုပ်ရှားသွားဟန်ရှိသည်..။
သဘောတကျရယ်ရင်းခုံပေါ်တင်ထားတဲ့Junkyuလက်တွေကိုမထိတထိတို့ထိလာသည်...။

" ဒါကြောင့် Kim Junkyuဖြစ်နေတာကိုး....ယူကသိပ်ကိုခြွေတတ်တာပဲ...ကြားထားတဲ့အတိုင်းပါပဲ...စကားလုံးတွေကသိပ်လှတယ်..."

" ကိုယ်ကစကားလုံးလှလှလေးတွေသုံးတာမဟုတ်ဘူး...ကိုယ်တွေ့ဖူးတဲ့မိန်းကလေးတွေကလှလို့ဒီလိုစကားလုံးတွေထွက်လာတာ..."

" ယူတွေဖူးတဲ့မိန်းကလေးလိုပဲပေါ့ တို့ကလဲ..."

" မတူဘူး ....မင်းကပိုလှတယ်...ကိုယ့်မျက်လုံးထဲမှာမင်းကအလှဆုံးဖြစ်နေတာ..."

" ကျေးဇူးပါပဲ...ဒီနေ့အတွက်တော့ရှင်ကတစ်မှတ်ရသွားပီပေါ့...ဒီနေ့တော့ဒီလောက်ပဲ..."

" ကောင်းပါပီ...ကိုယ်လိုက်မပို့တော့ဘူးနော်..ကိုယ့်အကြောင်းသိတယ်ဆိုရင် ကိုယ်ကဘယ်သူ့ကိုမှကိုယ်မောင်းတဲ့ကားကိုစီးခွင့်မပေးဘူးဆိုတာပါသိမှာပေါ့.."

" ဒါပေါ့.....တို့ကလဲကိုယ့်အားပဲကိုယ်ကိုးတယ်...ဘိုင့် "

မြွေမြွေချင်းမို့လို့ခြေမြင်တယ်ပဲပြောရမလား...။
တယောက်ရဲ့အကွက်ကိုတယောက်သိနေတဲ့ကစားပွဲလိုချိန်းတွေ့မှုမျိုးကစိတ်ဝင်စားဖို့မကောင်းပေမဲ့ အပျင်းတော့ပြေသား..။

ကျောပိုးအိတ်ကိုဆွဲကာကားမောင်းရင်း Yoshiစောင့်နေမဲ့ကျောင်းတော်ကြီးဆီကိုမောင်းလာခဲ့သည်...
ထမင်းစားချိန်ရောက်နေပီမို့ကျောင်းခန်းထဲမှာYoshiရှိမနေလောက်တော့..။ ကန်တင်းကတချောင်ချောင်မှာ စာအုပ်တအုပ်နဲ့ပတ်ဝန်းကျင်ကိုအဆက်အသွယ်ဖြတ်နေလောက်မှာပေါ့..

𝑱𝒖𝒔𝒕 𝑭𝒓𝒊𝒆𝒏𝒅 // 𝒀𝒐𝒔𝒉𝒊𝒌𝒚𝒖Where stories live. Discover now