Part - 3

450 95 10
                                    

Unicode

" Yoshi.."

စောင်ပုံထဲမှာမြုပ်နေအောင်တိုးဝင်နေတဲ့ Yoshiကခေါ်သံကိုကြား၍ထင် မျက်လုံးကိုစုံပွတ်ကာထလာသည်...။
သို့တိုင်အောင်မျက်လုံးတော့မပွင့်သေး...။
ဆံပင်စုတ်ဖွားနဲ့တဝါးဝါးသမ်းကာ ထထိုင်၍မော့ကြည့်လာသည်...။
JunkyuဘာမှမပြောပဲYoshiဘေးနားခေါင်းအုံးပစ်ချကာ ဘေးနားဝင်လှဲလိုက်သည်..။
Yoshiအိပ်ရာကတကယ်ကိုဇိမ်ရှိလွန်းသည်...
အခန်းပြင်ဆင်ထားပုံချင်းလဲတူတူပဲ ကုတင်လဲတပုံစံတည်း...

ဒါပေမဲ့Yoshiအခန်းကအိပ်လို့ပိုကောင်းတယ်...။

ဘေးကYoshiဆီကသက်ပြင်းချသံကိုကြားလိုက်ရပီးနောက် ကုတင်ပေါ်ကဆင်းသွားတာကိုခံစားမိသည်...။
ထို့ကြောင့်ပါလာတဲ့စောင်ကိုလှမ်းပစ်ပေးရင်း...

" စောင်ခြုံအိပ် အေးတယ်..."

Yoshiဆီကတုန့်ပြန့်သံမလာ...။
Junkyuသိတာပေါ့.....ဒါကYoshiအရမ်းအိပ်ချင်နေပုံရသည်..
မဟုတ်ရင်တခွန်းမဟုတ်တခွန်းတော့ပြန်ပြောဦးမှာ ....။

Yoshiဆီကဟောက်သံသဲ့သဲ့ပင်ထွက်ပေါ်နေပေမဲ့ သူကတော့ခုချိန်ထိအိပ်လို့မပျော်နိုင်...။
မအိပ်နိုင်တာဆိုပိုမှန်သည်...။
ညနေကမြင်တွေ့ခဲ့ရတဲ့ ပုံရိပ်တချို့ကိုတွေးရင်းငုတ်တုတ်ထထိုင်မိပြန်သည်...။

" Yoshi ...Yoshiလို့.."

ထပ်မံကာလှုပ်နှိုးရင်းYoshiအိပ်နေတဲ့ဆိုဖာပေါ်တက်ထိုင်လိုက်သည်...။
Yoshiကတော့စိတ်ရှုပ်လာဟန်ပေါ်ပေမဲ့ ဘာမှတော့မပြောပဲ သူ့ကိုကြည့်နေသည်...။

" ငါအိပ်မပျော်ဘူး..."

" ငါဘာလုပ်ပေးရမလဲ.."

" ဗိုက်ဆာတယ်.."

" ခေါက်ဆွဲပြုတ်တော့ရမယ်..."

ပြောပီးတာနဲ့အခန်းပြင်ကိုလေးတိလေးကန်ထွက်သွားတဲ့Yoshiနောက်ကိုသူပါဖြေးဖြေးချင်းလိုက်လာခဲ့သည်...။

စားပွဲမှာထိုင်စောင့်ရင်းမကျေနပ်တာကိုပေါက်ကွဲချင်လာသည်...။
တကယ်တော့ဖွင့်ပြောဖို့လဲ ပြွတ်သိပ်ကာထည့်ထားရတာ အဆင်မပြေ...။

" Yoshiမင်းသိလား..."

" ဘာကိုလဲ..."

" ညနေက ဒယ်ဒီကိုတွေ့တယ်..."

𝑱𝒖𝒔𝒕 𝑭𝒓𝒊𝒆𝒏𝒅 // 𝒀𝒐𝒔𝒉𝒊𝒌𝒚𝒖Waar verhalen tot leven komen. Ontdek het nu