Chapter (2)

186 38 3
                                    

Unicode
အပိုင်း(၂) - အွန်လိုင်းနတ်ဘုရားထံ ဆုတောင်းမှားခြင်း(၂)

ရွှမ်းကျဲန်ခန်းမထဲ၌ ... ယွိဝမ်ကျဲသည် ခုံတန်းရှည်ပေါ်၌ မျက်နှာသေဖြင့် သတိလစ်နေသော ဟွာချွင်း ကိုကြည့်လိုက်သည်။ အမတ်ချွင်းကလည်း သူ့ကို တိတ်တဆိတ်စိုက်ကြည့်လိုက်ပြီးနောက် လက်ချင်းယှဉ်ထပ်ကာ မေးလိုက်၏။
"အရှင်မင်းကြီး...သတိလစ်နေတဲ့ အမတ်ချုပ်ကြီးကို ဆက်ပြီး အပြစ်ပေးဦးမှာလား"

နှစ်လိုဖွယ်အပြည့်နှင့် ကြင်ယာတော်က သူမရဲ့နှုတ်ခမ်းကို စူလိုက်ပြီး ဧကရာဇ်ကို ပြောလိုက်သည်။

"အရှင်မင်းကြီး...အမတ်ချုပ်ကြီးက သူဘာမှားလဲဆိုတာ သိနေပါပြီ။ သူ့ကို လွှတ်ပေးလိုက်ရင် မကောင်းဘူးလားဟင်"

သတိလစ်နေသည့် သနားစရာအမတ်ချုပ်ကြီးကို ဧကရာဇ်သာ ဆက်ပြီးအပြစ်ပေးနေမည်ဆိုပါက အာဏာရှင်မင်းဆိုးအဖြစ် နာမည်ကျန်ရစ်တော့မည်။

များစွာသော ဝါရင့်အမတ် ၊အရာရှိဟောင်းတွေကလည်း ဒူးထောက်နေကြပြီး ဧကရာဇ်အား ဖြောင်းဖြပြောဆိုရန် စကားကုန်သွားသောကြောင့် မျက်ရည်စီးကျနေကြလေသည်။

ဒီနေ့ဧကရာဇ်၏ စိတ်အခြေအနေကြောင့် လူအများအပြားအား တိုင်းပြည်၏အနာဂတ်အတွက် စိုးရိမ်ပူပန်သွားစေ၏။ အမတ်ချုပ်ကြီးဟွာက ပြောရဲဆိုရဲရှိသည့် လူအနည်းစုမှ တစ်ယောက်ဖြစ်လေသည်။ သို့ပေမဲ့လည်း သေလောက်အောင် ရိုက်ခံထိထားရ၏။ ဝါရင့်အမတ်၊ အရာရှိဟောင်းတွေကလည်း အမတ်ချုပ်ကြီးဟွာ နောက်တစ်ခါ ယခုလိုမျိုး လုံးဝထပ်မပြောမိစေဖို့ပဲ ကြိတ်ပူပန်နေရလေသည်။ ဧကရာဇ်ကလည်း သူ့ကို ကောင်းစေချင်၍လား၊ ဆိုးစေချင်၍လား ပြောသည်ကို  ဘယ်အချိန်မှ သိမှာလဲ!

"လုံလောက်ပြီ" ဧကရာဇ်သည် ဒူးထောက်နေသော လူများကို ကြည့်လိုက်သည်။ နောက်ဆုံးတွင်တော့ သူပြောလာခဲ့၏။
"အမတ်ချုပ်ကြီးကို အိမ်ပြန်ပြီး အနားယူဖို့ ကူညီပေးလိုက်"

အသက် ၆၀၊ ၇၀ အရွယ် အမတ်အိုအပါအဝင် လူတိုင်း စိတ်သက်သာရာ ရသွားကြသည်။ ထိုအမတ်အိုဟာ ချက်ချင်း ထရပ်လိုက်ပြီး ခုံတန်းရှည်ပေါ်တွင် အရိုက်ခံရပြီး သတိလစ်နေသည့် ငယ်ရွယ်သောအမတ်ချုပ်ကြီးအား တွဲထူလိုက်သည်။ ထိုနောက် နန်းတော်အပြင်သို့ ထွက်သွားလေ၏။

နွေဦးရောက်ချိန် (နွဦေးရောက်ချိန်)Where stories live. Discover now