Chapter(1)

293 39 2
                                    

Unicode

အပိုင်း(၁) - အွန်လိုင်းနတ်ဘုရားထံ ဆုတောင်းမှားခြင်း

လစဉ်လတိုင်း ဓမ္မတာကြောင့် ဝေဒနာခံစားရတိုင်း သူမ ဘုရားသခင်ကို အမြဲဆုတောင်းဖြစ်သည်။ "ဘုရားသခင်...ကျွန်မကို ယောကျာ်းလေးအဖြစ်ဖန်ဆင်းပေးပါ။ ဒါဆိုရင် အခုလိုဝေဒနာကို အောင့်အီးသည်းခံစရာလည်းမလိုတော့ဘူး။ ပြီးတော့ ကြိုက်တဲ့နေရာကိုလည်း သွားနိုင်ပြီ။ ခုန်ပေါက်ကစားလို့လည်းရသလို သေးပေါက်ဖို့အတွက်လည်း စိုးရိမ်စရာမလိုတော့ဘူး။ မိန်းမလှလေးတွေကိုလည်း လေချွန်ပြီး အထာပစ်လို့ရသွားမယ်။ ပြီးတော့ ကောင်ချောလေးတွေကိုလည်း တဝကြီးဖက်ထားလို့ရပြီ"

ဒါမျိုးက တွေးမိလေ ရှယ်ဂွတ်လေပဲ!

သို့သော် နောက်ဆုံးတွင် သူမ ယောကျာ်းလေးအဖြစ် ပြောင်းလဲသွားခဲ့ပါသည်။ သူမ၏အောက်ပိုင်းကို စိုက်ကြည့်နေကြသည့် လူအများ၏ရှေ့တွင် ဟွာချွင်းဆိုသည့်သူမက မှောက်ခုံလေးလှဲနေရသည်။ ထိုအချိန်တွင် သူမအနည်းငယ်  ပျာယာခတ်သွား၏။

အခုလိုမြင်ကွင်းက ကိုးရိုးကားယားနိုင်သည့်အပြင် ဟွာချွင်းကိုလည်း ဆွံ့အသွားစေလေသည်။

လွန်ခဲ့သော တစ်စက္ကန့်လောက်က ကွန်ပျူတာဖန်သားပြင်ရှေ့တွင် သူမအော်ငိုပြီး အော်ဟစ်ခဲ့လိုက်သေး၏။ "အမတ်ချုပ်ကြီးအစား ငါပဲအရိုက်ခံမယ်"

နောက်တစ်စက္ကန့်အကြာမှာတော့ သစ်သားတုတ်ပြားကြီးက သူမ၏အ​နောက်ဘက်ကို ရိုက်ချလိုက်ပြီး တရားရုံးကပေးသည့်အပြစ်အတိုင်း ဆက်လက်လုပ်ဆောင်နေကြသည်။

"အား!"

သူမကလေးဘဝတုန်းက သူမအဖေ ရိုက်သည်ထက် ဆယ်ဆပိုနာသည်။ ရိုက်ပြီးသည့်အချိန်ထိ သူမနာလွန်းလို့ တဝူးဝူးတဝါးဝါး အော်မိနေတုန်းပင်။ သူမအော်သံက မနက်ခြောက်နာရီတွင် တွန်သည့်ကြက်ဖကဲ့သို့ ကျယ်လွန်းလှသည်။

ဟွာချွင်းတစ်ယောက် အာပြဲကြီးဖြင့်အော်ဟစ်ငိုယိုလိမ့်မည်ဟု ကြည့်နေသူအပေါင်းကလည်း လုံးဝမမျှော်လင့်ခဲ့သောကြောင့်  အားလုံးထိတ်လန့်သွားကြလေသည်။ ရုတ်တရက် မုတ်ဆိတ်ဖြူနှင့် အသက်ကြီးကြီး အဘိုးအိုတစ်ယောက်က ရှေ့ထွက်လာလေသည်။ သူမနှင့် မနီးမဝေးနေရာတွင် ဒူးထောက်ချလိုက်ပြီး လှေကားရှိရာသို့ ဦးညွတ်ထား၏။

နွေဦးရောက်ချိန် (နွဦေးရောက်ချိန်)Where stories live. Discover now