အပိုင်း(၅)

5.6K 407 1
                                    

>Unicode<

”ဒါက တော်တော်တရားလွန်တာပဲ ”

           မယ်တော်ကြီး၏အော်သံကြောင့် ညီလာခံက အမတ်တွေပင်လျင် လန့်သွားမိသည်။ သူတို့က ချင်းလီဒေါသကိုကြောက်သည် ချင်းလီက သာမန်အားဖြင့် ဒေါသသိပ်မထွက်တတ်ပေမယ့် သူမဒေါသထွက်လာလျှင် စစ်သူကြီး ကုန်းရှဲ့ကလွဲပြီး ဘယ်သူမှမခံနိုင်ပါ။

”မယ်မယ် အဲဒါက သူတို့ရဲ့မဟာမိတ်ဖွဲ့တဲ့အနေနဲ့ ပေးတဲ့လက်ဆောင်ပါ”

            အောက်က အမတ်တွေထဲက တစ်ယောက်က ချင်းလီကို နားလည်အောင် ရှင်းပြလိုက်သည်။ ချီမင်းက ဘုရင်မို့လို့ မိဖုရားဆက်သတာ ဘာထူးခြားလို့လဲ အကယ်၍ ဆက်သတဲ့လူက ယောကျာ်းလေးဖြစ်လို့ စိတ်ဆိုးတာဆိုရင် မယ်တော်ကြီးကိုယ်တိုင် သေဘာတူထားတဲ့ မိဖုရားခေါင်ကိုယ်တိုင်က ယောကျာ်းလေးပါလေ။

”လက်ဆောင်ဆိုရင်အခြားဟာပေးလို့ရတာပဲ ဒါကိုလက်ဆောင်လို့ မောင်မင်းတို့ပြောလိုက်တာလား”

             ချီမင်းက ခုံကိုထုလိုက်ကာ ပြောလိုက်တော့ အကုန်ဒူးထောက်လိုက်မိပြီး မိဖုရားခေါင်စစ်ယီကို အကူအညီတောင်းနေသည်။ သူတို့လည်း မင်းကြီးနှင့်မယ်တော်ကြီးတို့ကြောင့် ပြားပြားဝပ်နေတော့သည်။ အကယ်၍ လက်မခံဘူးဆိုရင်လည်း ယင်းတိုင်းပြည်နှင့် စစ်ဖြစ်ရမည်။
          တကယ်က ထိုဖူတိုင်းပြည်က ချီမင်းတို့ ယန်တိုင်းပြည်ပြီးရင် ဒုတိယအင်အား အကြီးဆုံးဖြစ်သည်။ သားတော် သမီးတော် အများအပြားရှိလေသည်။ ထို့ကြောင့် ဖူတိုင်းပြည်က မင်းသားမင်းသမီးတွေဟာ အခြားတိုင်းပြည်တွေထံ ဆက်သခြင်းခံရလေသည်။

”ချီမင်း လက်ခံလိုက်ပါ”

        စစ်ယီက ပြောတော့ ကုန်းရှဲ့ကတားလိုက်သည်။

”သားတော် မင်းဝင်ပါနဲ့”

           စစ်ယီလည်း ဖခင်ဖြစ်သူ၏ စကားကြောင့် ညိုးကျသွားသည်။ ဒါကိုမြင်တော့ ချီမင်းက မနေနိုင်ဘဲ ပလ္လင်ပေါ်ကထကာ စစ်ယီနားကို သွားလိုက်ရင်း ထိုင်ချလိုက်ကာ လက်နှစ်ဖက်ကို ဖွဖွလေးကိုင်လိုက်သည်။

အရှင့်ကြင်ရာတော်(BL)[Complete]Where stories live. Discover now