အပိုင်း (၁၆)

2.9K 259 0
                                    

အချိန်တွေကတရွေ့ရွေ့လှည့်ပတ်လာသည်။ စစ်ယီတို့ချင်းတိုင်းပြည်ကပြန်ရောက်တာ တစ်ပတ်လောက်ပင်ကြာလေပြီ။ ရွှမ်းမော့ကတော့ ချင်းတိုင်းပြည်တွင်သာနေတော့သည်။ မိဖုရားနောက်တစ်ပါးတင်မြှောက်မှာမို့ နန်းတော်ထဲတွင် တစ်ဖန်စည်ကားနေပြန်သည်။

             စစ်ယီကတော့ ချီမင်းကို ဝတ်စုံသေချာပင် ပြင်ဆင်ပေးလေသည်။နီရဲနေသော မင်္ဂလာဝတ်စုံနှင့် ချီမင်းကအတေ ဒါလေးက လက်ဆောင်”

            စစ်ယီက ချီမင်းကို လောလိုက်ပြီး နှုတ်ခမ်းလေးကို ထိကပ်လိုက်ကာ သူမဟုတ်သလို အဝေးသို့သွားသော စစ်ယီပါလေ။ ချီမင်း စစ်ယီ၏အပြုအမူလေးကြောင့် ပြုံးမိသွားပြီး စစ်ယီအနားသွားဖို့အလုပ် တံခါးအပြင်က သတိပေးချက်ကြောင့် မျက်နှာပျတ်သွားသည်။

”မင်းကြီး မင်္ဂလာအချိန်ရောက်ပါပြီ အဆင်သင့်ပြင်ပြီးရင် ထွက်လာခဲ့ပါတော့”

”သွားတော့လေ ချီမင်း။ ကျွန်တော် အနောက်က လိုက်ခဲ့မယ်”

          စစ်ယီကပါ အနောက်ကရော၍ ပြောလိုက်သည်။ ချီမင်းကတော့ သက်ပြင်းချလိုက်ကာ တံခါးဖွင့်ပြီး အပြင်သွားလေသည်။ အမှန်အတိုင်းဆို သူဒီနေ့ကို မရောက်ချင်ပါလေ။
             ချီမင်းထွက်သွားတော့မှ စစ်ယီလည်း ကုတင်ထက်ကို အားလျော့စွာထိုင်မိတော့သည်။ အနည်းငယ်ဖောင်းနေသော သူ၏ဗိုက်ကလေးကို ပွတ်သပ်လိုက်ရင်း စစ်ယီကနူးညံ့စွာပြုံးလိုက်သည်။ ခဏကြာတော့မှ မတ်တပ်ပြန်ရပ်ကာ မင်္ဂလာခန်းမဆောင်ဆီကိုသွားတော့သည်။

မင်္ဂလာခန်းမဆောင်ထက်ဝယ်-

”ချွေးမလေး လာ”

          ချင်းလီကစစ်ယီကိုတွေ့သည်နှင့် ပခုံးလေးက်ိုဖက်ကာ သူ၏နားတွင်ရှိသော မိဖုရားခေါင်ရဲ့ ပလ္လင်ဆီသို့ ခေါ်သွားကာ နေရာပြင်ဆင်ပေးပြီးမှ သူမအတွက်စီစဉ်ထားသော မယ်တော်ကြီးနေရာတွင် ထိုင်တော့သည်။ ကုန်းရှဲ့ကတော့ သူ၏ရှေ့တွင် သားတော်လေးကို ချီမင်းထက်ပင် အဖြစ်သည်းနေသော ချင်းလီကို မျက်စိစပါးမွှေးစူးနေလေပြီ။
             စစ်ယီ ရောက်ရောက်ချင်းပင် ချီမင်းကို ရှာပေမယ့်မတွေ့ပေ။ ပြီးတော့မှ သတိရမိတာက သတို့သားဖြစ်သူဟာ သတို့သမီးနှင့် အတူလာမည်ဆိုသည်ပါ။

အရှင့်ကြင်ရာတော်(BL)[Complete]Where stories live. Discover now