အတူတကွစတင်နေထိုင်ခြင်း

1.9K 154 19
                                    

Unicode

ကျွန်တော်ဧည့်ခန်းထဲမှာ
ကျုံ့ကျုံ့လေးထိုင်နေတယ်။
ရှေ့တည့်တည့်ကနေ
စားတော့ဝါးတော့မလိုကြည့်နေတဲ့
သူ ကြောင့်လှုပ်တောင်မလှုပ်ရဲဘူး။
လန့်လိုက်တာ။
သူကျွန်တော့်ကိုဆွဲထိုးတော့မှာလား?
‌အမေရေ လာပြန်ခေါ်လှည့်ပါအုံးလို့
ထမအော်မိခင်မှာ
သူကအရင်စကားစလာတယ်။

"မင်းက ငါနဲ့အတူနေမဲ့သူလား"

အိုမိုင်ဂေါ့သ်။
သေသေချာချာနားထောင်ကြည့်မှ
သူ့အသံကဆွဲဆောင်မှုရှိလွန်းလိုက်တာ။
နားထောင်လို့ကောင်းလိုက်တာ။
ကျွန်တော့်ရဲ့
ကလေးကလားအသံနဲ့မတူပဲ
အက်ရှရှနဲ့..။
အတွေးလွန်နေတဲ့ကျွန်တော့်နဖူးကို
လက်နဲ့ဖွဖွလာတို့တော့မှ
သူ့မေးခွန်းကိုဖြေဖို့သတိရတော့တယ်။

"ဟုတ်ပါတယ်
ကျွန်တော်ဒီမှာအစ်ကိုနဲ့ အတူနေမှာပါ
နာမည်က အိုးစည်ပါ
အမြင်မတော်တာရှိရင်
ကိုယ့်ညီလိုသဘောထားပြီး
သွန်သင်နိုင်ပါတယ်ဗျ"

ကျွန်တော့်အ‌ဖြေက
ဘာမှားသွားလဲတော့မသိ။
သူအရမ်း‌ကိုသဘောကျနေပုံပဲ။
သွားစွယ်လှလှတွေပေါ်တဲ့အထိ
ပြုံးပြနေတယ်။
ခဏအကြာ ထိုင်ခုံကနေထလာပြီး
ကျွန်တော့်ဆံပင်တွေကိုဆွဲဖွရင်း
သူပြောသွားတာက

"မှတ်ထားနော်ညီ
အစ်ကို့နာမည်က လင်းခ"တဲ့။

ကျွန်တော့်ရဲ့အထုတ်တွေကို
နေရာချနေတုန်း
သူအခန်းထဲကို၀င်လာတယ်။
သူနဲ့ကျွန်တော်က
ကုတင်ချင်း ကပ်ရက်‌မို့
အခု သူက
သူ့ကုတင်ပေါ်ခုန်တက်ရင်း
ကျွန်တော့်ကိုစိုက်ကြည့်နေတာ။
သူ့အကြည့်တွေကိုသဘောမကျပေမဲ့
အမေကအဆင်ပြေအောင်နေဖို့
မှာထားတော့
ကျွန်တော် အောင့်အီးသည်းခံရင်း
အထုတ်တွေကိုပဲနေရာချနေလိုက်တယ်။
ကျွန်တော့်ပစ္စည်းတွေ
နေရာချလို့ပြီးစီးတော့
ကျောင်းကိစ္စအတွက်စုံစမ်းဖို့
အပြင်ခဏထွက်လာခဲ့တယ်။
အခုတက်ရမဲ့ကျောင်းရဲ့ကျောင်းအုပ်က
ကျွန်တော့်အဒေါ်တစ်၀မ်းကွဲမို့
ဘာမှလုပ်စရာမလိုပဲ
လာတက်လို့ရတယ်တဲ့။
အဆောင်ကအဆင်ပြေလား
ဘာညာမေးတော့
အဆင်ပြေတယ်ပဲပြောလိုက်ပါတယ်။
ကိုယ့်ကြောင့်
သူများစိတ်ဆင်းရဲရမှာမလိုလားတဲ့
ကျွန်တော့်အကျင့်ကြောင့်
အစ်ကိုလင်းခရဲ့ခေါ်တောကြည့်တွေကို
မကြိုက်ကြောင်းမပြောပြခဲ့ဘူး။

ကျွန်တော့်အခန်းဖော်ကဂေးနေတယ်Where stories live. Discover now