Gay. ...!

1.7K 132 14
                                    

Unicode

ထွက်ပြေး‌လာခဲ့တဲ့ကျွန်တော်ဟာ
ကိုယ်ဘယ်ကိုပြေးနေမှန်းတောင်
သတိမထားတော့ပဲ အရူးတစ်ယောက်လို
ဆက်တိုက်ပြေးနေမိတယ်။
အရမ်းမောလာတဲ့အတွက်
လူရှင်းတဲ့လမ်းဆုံတစ်နေရာအရောက်မှာကျွန်တော်ရပ်လိုက်တယ်။

ဒီရပ်ကွက်ကကျွန်တော့်အတွက်
နေရာအသစ်ဖြစ်လို့
အခုဘယ်ကိုရောက်နေတာမှန်း
ကျွန်တော်မသိဘူး။
အိတ်ကိုပြန်စမ်းကြည့်တော့
ဖုန်းလဲပါမလာပြန်ဘူး။
ဖုန်းကိုအ‌ဆောင်မှာထားခဲ့မိတာ
အမှားကြီးမှားသွားတယ်။
အဆောင်ကိုပြန်မရမဲ့အတူတူ
လမ်းဘေးကခုံလေးပေါ်မှာထိုင်ပြီး
နေ၀င်တာကိုကျွန်‌တော်
ငေးမောနေမိတယ်။
လွမ်းမောဖွယ်ဆည်းဆာအစား
အတိတ်ရဲ့အရိပ်ဆိုးတွေက
ကျွန်တော့်အတွေးတွေကို
စိုးမိုးလို့နေတယ်။
ရွံစရာကောင်းတဲ့အရာပြီးတော့
အဲ့ဒီအနမ်း.
ကျွန်တော်ပြန်စဉ်းစားနေမိတယ်။
‌တစ်နာရီအကြာမှာ‌တော့
ချွေးတွေရွှဲနစ်နေတဲ့
တစ်စုံတစ်ယောက်က
ကျွန်တော့်ရှေ့ကိုရောက်လာတယ်။
မျက်နှာကိုတောင်သေချာ
မမြင်ရသေးခင်မှာပဲ
အဲဒီလူကကျွန်တော့်ကို
ဆွဲဖက်လိုက်လေရဲ့။
ရဲတင်းလိုက်တဲ့လူ..။
ကြောင်အမ်းအမ်းနဲ့‌အဖက်ခံလိုက်ရတဲ့ကျွန်တော်အိုးစည်ခမျာ
တွန်းထုတ်ဖို့တောင်မေ့နေခဲ့တယ်။

"တောင်းပန်ပါတယ် အိုးစည်လေး
ကိုယ်တကယ်ကိုတောင်းပန်ပါတယ်"

အဲ့ဒီလူရဲ့အသံကိုကြားတော့မှပဲ
ကျွန်တော်သတိပြန်၀င်လာတယ်။
အဲ့တာ..အစ်ကိုလင်းခ....
အစ်ကိုလင်းခရဲ့အသံမဟုတ်လား။

"အစ်ကိုကျွန်တော့်ကိုလွှတ်အုံး
အသက်ရှူကျပ်လာပြီဗျ"

ကျွန်တော်ပြောလိုက်တော့
ဖက်ထားတာကိုလွှတ်ပေးပြီး
မျက်ရည်အဝိုင်းသားနဲ့ကြည့်နေပြန်တယ်။
အဲ့တာနဲ့ထိုင်ခုံမှာအတူပြန်ထိုင်လိုက်
ကြပြီးအစ်ကိုလင်းခကမေးလာတယ်။

"အိုးစည်လေးက ယောကျာ်းချင်း
ကြိုက်တာမျိုးကိုရွံတာလား"

အစ်ကို့ရဲ့အမေးကိုပြန်ဖြေစရာ
စကားလုံးမရှိတာကြောင့်
ကျွန်တော်တိတ်ဆိတ်နေခဲ့တယ်။
အေးစက်နေတဲ့ဒီအခြေအနေကို
အစ်ကိုလင်းခရဲ့အက်ရှရှအသံက
ဖြိုခွဲလိုက်တယ်။

ကျွန်တော့်အခန်းဖော်ကဂေးနေတယ်Where stories live. Discover now