Part29 🌺

13.8K 1K 17
                                    

"ခဗျား ဘာလို့ဒီလိုလုပ်ရတာလဲ ကျနော့်ကိုအခုချက်ချင်းလွှတ်ပေး ''

"အဟက်် လွှတ်ပေးချင်မှတော့မင်းကိုငါ အစကတည်းကခေါ်လာခဲ့ပါ့မလား အရိပ်လွှား ''

ရိပ်ရဲ့ဆံသားတွေကို သူ့ရဲ့လက်တွေနဲ့ကြမ်းတမ်းစွာ စောင့်ဆွဲရင်း စူးရဲတဲ့မျက်ဝန်းတွေနဲ့အတူ
အံကိုကြိတ်ကာပြောနေတဲ့လင်းနေ

"ခဗျား လူယုတ်မာ အခုချက်ချင်းကျနော့်ကိုလွှတ်ပေး ..ဦး..ဦးဘယ်မှာလဲ..ဦးကိုခေါ်ပေး''

သူ့လက်ထဲမှာ တုန်ယင်ကာရုန်းကန်နေတဲ့ကောင်လေးကိုကြည့်ပြီး လင်းနေ
ဟက်ဟက်ပက်ပက်ရယ်လိုက်လေသည်

"ဒီအခြေနေမှာတောင်မင်းကအဲ့လူကိုမျှော်လင့်နေသေးတာလား မင်းသိပ်ရီစရာကောင်းတယ် အရိပ်လွှား မင်းရဲ့ဦးကိုယ်တိုင်ကပဲ မင်းကိုဒီလိုလုပ်ဖို့ ငါ့ကိုအမိန့်ပေးလိုက်တာ ''

လင်းနေရဲ့စကားကြားရတော့ ဆွံအနေမိသူကရိပ်

"ဟားဟား ဘာလဲ မင်းသိပ်အံ့သြောသွားတာလား မင်းချစ်နေတဲ့လူက မင်းကိုဒီလိုမျိူးလုပ်တယ်ဆိုတာ မင်းမယုံနိုင်ဘူးမဟုတ်လား ''

မျက်ရည်များစွာ ကျဆင်းလာရသူက ရိပ်

!ဦးက ရိပ်အပေါ် ဒီလိုမျိူးလုက်ရပ်တယ်တဲ့လား'

"ဟင်အင်း မဖြစ်နိုင်ဘူး ခဗျားလိမ်နေတာ ခဗျားလူလိမ် ''

"ဘာလို့မဖြစ်နိုင်ရမှာလဲ ငါသာလိမ်နေတယ်ဆိုရင် မင်းရဲ့ဦးက ခုချိန်ဆို မင်းဆီရောက်နေလောက်ပြီလေ အခုမင်းရှေ့မှာ သူရှိမနေဘူးမဟုတ်လား ''

လှောင်ပြုံးတွေနဲ့အတူ ခနဲ့ကာပြောလာတဲ့လင်းနေရဲ့ အသံတွေကို ရိပ်ထပ်မကြားချင်

"ဘာလို့လဲ ဘာလို့ဦးက ရိပ်အပေါ်ဒီလိုမျိူးလုပ်ရပ်ရတာလဲ အဟင့်...''

ရိပ်ထိုလူရဲ့စကားတွေကိုမယုံချင်ပါ
သို့သော် ရိပ်ယုံရမယ့်အခြေနေ​တွေဖြစ်နေပြီမို့ ရိပ်ယုံလိုက်ရတော့မည်

!ဦး ရက်စက်တယ် ''

ရှိုက်သံတွေနဲ့အတူ တသိမ့်သိမ့်တုန်ရီကာ ငိုနေတဲ့ကောက်လေးကို ပြုံးရွှင်ကာ အရသာခံရင်းကြည့်နေသူကလင်းနေ

My little Baby 🌺(Completed) Where stories live. Discover now