Part24 🌺

13.8K 1.1K 3
                                    

"အကို ကျနော်ပြောစရာလေးရှိလို့ ''

ခြံကျယ်ကြီးရဲ့မြက်ခင်းစိမ်းပြင်ပေါ်မှာ ကလေး
နဲ့အတူ အနားယူနေတဲ့ဂုဏ်ရောင်အနားရောက်လာပြီး ပြောတဲ့အရိပ်

"ပြောလေ ညီ ''

သူပြောလိုက်တော့ အရိပ်ရဲ့ အကြည့်တွေက
ကလေးငယ်ဆီမှာ

"ကလေးလေး မေမေနဲ့တီတီ အိမ်ထဲမှာ မ..ဂလာပွဲအတွက် လိုအပ်တာတွေရွေးနေတယ် ကလေးလေး သွားကူညီလိုက်အုံးနော် ''

"ဟုတ်..ကဲ့..''

သူ့ရင်ခွင်ထဲက ကလေးငယ်လေး ချက်ချင်းထပြေးပြီး အိမ်ကြီးဆီလှမ်းသွားလေပြီ

ထိုအခါမှ အရိပ်လည်း အကို့ဘေးနားထိုင်လိုက်ပြီး

"အကို ကျနော်ဒီအိမ်ကနေထွက်သွားပါရစေ ''

"ဘာလို့လဲ ညီဒီမှာနေရတာအဆင်မပြေလို့လား''

"အဲ့လိုမဟုတ်ပါဘူးအကို မနေ့ကအကိုနဲ့ ဦးပြောခဲ့တဲ့စကားတွေကို ကျနော်ကြားခဲ့တယ်''

အရိပ်စကားကြောင့် ဂုဏ်ရောင်သက်ပြင်းချလိုက်ရင်း

"ဒါဆို ညီအားလုံးသိပြီးပြီပေါ့ ''

"ဟုတ်ကဲ့အကို ''

"ဒါဆို သူ့အဖေက အကို့အဖေကိုသတ်ခဲ့တဲ့လူတိုတာလည်း ညီသိတယ်ပေါ့ ''

"ဟုတ်ကဲ့ ကျနော်ကြားလိုက်ပါတယ် ''

"ညီသူ့ကိုချစ်လား ''

ဂုဏ်ရောင်အမေးကြောင့် အရိပ်မျက်နှာလေးညှိူးငယ်သွားရပြီ

"ကျနော် ဦးကိုချစ်တယ် ''

"Ok ဒါဆို ညီသူ့ဆီပြန်သွားပေးပါ ''

"ဗျာ ''

အရိပ်ထင်ထားသလို ဂုဏ်ရောင်ကမတားပဲ သွားခွင့်ပြုတာမို့ အံသြောသွားမိတယ်

"အကို ကျနော့်ကိုဦးဆီ ပြန်သွားခိုင်းနေတာလား''

"ဟုတ်တယ်ညီ သူ့ဆီသွားပြီး လမ်းမှန်ရောက်အောင်ပြန်ခေါ်ပေးပါ ''

"အကို ဦးကိုမုန်းနေတာမဟုတ်ဘူးလားဟင် ''

"No အကိုသူ့ကိုမမုန်းခဲ့ဖူးဘူး တကယ်တော့သူကအရမ်းသနားစရာကောင်းတယ် သူ့ရဲ့အမေက
သူ့ကိုမွေးမွေးပြီးချင်းဆုံးသွားခဲ့တာလေ ဖခင်ရဲ့လက်အောက်မှ ထားရာနေ စေရာသွားဘဝနေခဲ့ရတာ ဦးလေးက အရမ်းလောဘကြီးလွန်းတယ်
သူက အရမ်းရိုးသားတဲ့လူပါ အကို့ကိုလည်း ညီလေးတစ်ယောက်လို အရမ်းချစ်ပေးခဲ့တယ်
ဒါပေမယ့် နောက်ပိုင်း သူ့အဖေရဲ့ မကောင်းတဲ့စရိုက် ရိုက်သွင်းမှုတွေကြောင့် သူ့စိတ်တွေပြောင်းလဲကုန်တယ် အခုတော့ သူ့ပုံစံက တစ်ခြားတစ်ယောက်လိုဖြစ်သွားခဲ့တာပဲ အကိုယုံနေမိတယ်သူအရင်ကလို လူကောင်းတစ်ယောက်ပြန်ဖြစ်လာဖို့ ဒါကြောင့် ညီက သူ့ကိုလမ်းမှန်ပြန်ရောက်အောင်ဆွဲခေါ်ပေးပါ ''

My little Baby 🌺(Completed) Where stories live. Discover now