Part12 🌺

15.9K 1.3K 7
                                    

မနက်အလင်းရောင်သဲ့သဲ့လေးကြောင့် မျက်လုံးလေးတွေပွတ်ရင်းနိုးလာတဲ့ ကလေးငယ်

အနားကိုကြည့်လိုက်ချိန် အိပ်ပျော်နေသေးတဲ့ ဂုဏ်ရောင်ရဲ့ မျက်နှာကိုလည်း တဝကြီးငေး
ကြည့်နေသေး

အနာရှိန်နဲ့ဖျားနေမှာစိုးတာကြောင့် ဂုဏ်ရောင် နဖူးလေးပေါ် လက်လေးတင်လိုက် သူ့နာဖူးသူပြန်စမ်းလိုက်နဲ့ အလုပ်ရှုပ်နေလေရဲ့

ရုတ်တရက် သူ့လက်လေး ဆွဲချခြင်း
ခံလိုက်ရတာကြောင့် သူ့ရဲ့ကိုယ်သေးသေးလေးက ဂုဏ်ရောင်ရဲ့ကိုယ်ပေါ် နေရာယူလျက်

"ကိုကိုဖျားမှာစိတ်ပူနေတာလား...''

သူ့ပေါ်ကနေ မျက်လုံးဝိုင်းလေးတွေနဲ့ ကြည့်နေတဲ့ကလေးငယ်ကို ပြုံးနေရင်းမေးလိုက်တော့
ခေါင်းလေးငြိမ့်ပြလာလေတယ်

"ကိုကိုက ဘာမှမဖြစ်ပါဘူး စိတ်မပူနဲ့တော့နော်''

နဖူးလေးကိုနမ်းလိုက်ကာ ပြောနေတဲ့ဂုဏ်ရောင်

"ကိုကို့ကို စကားပြောအုံးလေ...."

ခေါင်းလေးသာယမ်းပြလာတဲ့ခလေးကြောင့်
ဂုဏ်ရောင်စိတ်မကောင်းဖြစ်သွားရပြန်သည်

"ကိုကို့ကို ချစ်တယ်ဆိုရင် အနည်းဆုံး စကားတော့ပြောသင့်တယ်လေ "

ဂုဏ်ရောင်လေသံ အနည်းငယ်မာသွားခဲ့ပြီ

ထိုအခါမှ သူ့ကိုယ်ပေါ်ကနေဆင်းပြီး ကုတင်စွန်းလေးနားမှာသွားထိုင်တဲ့ကလေးငယ်က စိတ်ကောက်သွားလေသလား

"Ok ကလေး မပြောချင်ဘူးဆိုရင်လည်း ကိုကိုအတင်းမမေးတော့ဘူး လာ အခုမျက်နှာသစ်ကြရအောင်..''

ဒီလိုနဲ့ပဲ ဂုဏ်ရောင်ပျော်ရွှင်မှူလေး ပျောက်ဆုံးရသွားရပြီ

သူစိတ်ဓာတ်ကျသွားခဲ့သလို ဒေါသလည်းဖြစ်မိလေသလို

ဒါဟာ ကလေးငယ်ကြောင့်တော့မဟုတ်
အခုချိန်ထိ ကလေးငယ်ဆီက ယုံကြည်မှုကို ရအောင်မယူနိုင်သေးတဲ့ သူကိုယ်တိုင်ကြောင့်ပင်

🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺

"ဒီကောင်တစ်ကောင်တည်းကိုတောင် သေအောင်မသတ်နိုင်တာ မင်းတို့တော်တော်စောက်
သုံးမကျတာပဲ'

My little Baby 🌺(Completed) Where stories live. Discover now