ဝက်သည်းကန်ဘောင်ရှိ ခုံတန်းလျားငယ်ထက်တွင် ကောင်လေးနှစ်ယောက် အေးချမ်းတိတ်ဆိတ်စွာ ထိုင်နေကြပေသည်။
ည ရှစ်နာရီဝန်းကျင်ဖြစ်တာကြောင့် မင်းအလင်းရောင် ဖျောဖျော့တို့ကသာ လမ်းတစ်လျှောက်ကြီးစိုးထားလေသည်။ကောင်းကင်မှ လမင်းကြီးကတော့ အပြည့်အဝမသာသေးပါ။
သို့သော် သူ၏အေးချမ်းသောအရိပ်သည် ကန်ရေပြင်ထက်သို့ ကျနိုင်စွမ်းရှိပါသေးသည်။ဝက်သည်းကန်၏ ကမ်းဆုံးမမြင်နိုင်သော ရေပြင်မှာ လရောင်များ၏နမ်းရှိုက်ခြင်းကို သိမ်မွေ့စွာခံယူနေ၏။
ရေပြင်လေး လှုပ်ခတ်သွားသောနေရာ၌ ကြယ်စင်လေးများလည်း တလက်လက် ဖြစ်တည်လာရသည်။သဘာဝနှင့် လရောင်တို့က ချစ်ခြင်းမေတ္တာတို့ကို ဆထက်တိုးလာစေနိုင်သည်ပင်။
နေ့ခင်းဘက်အချိန်နှင့်မတူဘဲ ညဘက်အချိန်ဟာလည်း မေတ္တာရေကြည်တို့အား ရှင်းရှင်းလင်းလင်းမြင်နိုင်သော အချိန်ပါတကား။ညခင်းချိန်ခါ သာနေတဲ့လရောင်အောက် ချစ်ရသူနှင့် အတူရှိရခြင်းကပင် ဘဝရဲ့အရသာတွေထဲမှတစ်ခု။
"စပျစ်..."
ကောင်းမြတ်ဆီသို့ စပျစ်လှမ်းကြည့်လိုက်တော့ ကောင်းမြတ်၏မျက်ဝန်းလဲ့လဲ့များနှင့် ဆုံလိုက်ရ၏။
လရောင်အောက်ရှိ မျက်ဝန်းတစ်စုံမှ မေတ္တာများကို သူခံစားလို့ရနိုင်ပါသည်။
ထိုမျက်ဝန်းထဲမှ နွေးထွေးမှုများကလည်း ခြုံစောင်မလိုပါပဲ သူ့ကိုနွေးထွေးစေနိုင်၏။"အင်း"
"ငါ မင်းကို ပေးစရာရှိတယ်"
ထို့နောက် ကောင်းမြတ် ဘယ်ဘက်အိတ်ကပ်ထဲမှ တစ်စုံတစ်ခုကို ထုတ်လိုက်ပြီး စပျစ်အားပြလာသည်။
ကောင်းမြတ် လက်ဖဝါးထက်မှ အရာငယ်လေးသည် လရောင်ထဲတွင် တလက်လက်။ထိုအရာသေးသေးလေးကတော့ ရွှေနားကပ်လေးဖြစ်ပါသည်။
လေးထောင့်ပုံရွှေပြား၏ အနားသတ်လေးခုမှာ ကနုတ်ဆန်းလေးများဖြင့် လှပနေကြ၏။
အလယ်တွင်တော့ အပြာရောင်ကျောက်ကလေးက တင့်တယ်စွာနေရာယူလျက်။"ဒါ..ဘာအတွက်လဲ"
ကောင်းမြတ်မှာ စပျစ်အား ပို၍နွေးထွေးစွာ ပြုံးပြလာပါသည်။
![](https://img.wattpad.com/cover/249629002-288-k693214.jpg)
VOCÊ ESTÁ LENDO
နေ့ရက်တိုင်းမှာ မေတ္တာရှိနေမယ်(Completed)
Fanfictionစပျစ်ကောင်း fanfiction တာဇံဖြစ်ခြင်းအမှတ်တရ 💓🧑🤝🧑💓 boy love