ငါးရက်မြောက်နေ့။
သည်နေ့ဆိုလျှင် ကောင်းမြတ်တစ်ယောက် သူပိုင်သည့် သူ့အိမ်ထဲတွင် သူ့ချစ်သူ၏ အကျယ်ချုပ်ချထားခြင်းခံရတာ ငါးရက်ပင် ရှိလေပြီ။
သူ့မှာ အလုပ်လည်းတက်ခွင့်မရသလို အခန်းထဲမှ အခန်းပြင်သို့လည်း ထွက်ခွင့်မရ။သည်ကနေ့ကတော့ တန်ဆောင်မုန်းလပြည့်နေ့ပင်။
ကောင်းမြတ် အခန်းထဲမှာစပျစ်ထည့်ထားပေးသော မနက်စာနှင့် ရေတစ်ဘူးအား ကြည့်ရင်း အတိတ်တို့အား ပြန်လည်တွေးတောမိပါသည်။ပြင်မရသည့်အမှားတစ်ခုကို ကျူးလွန်မိပြီးချိန်လောက်က သည်လိုလပြည့်နေ့၏ လရောင်ဆမ်းသည့်ညတစ်ညတွင် သူနှင့် စပျစ်တို့ ဝက်သည်းကန်မှာ အလှမီးပန်းဖောက်သည်ကို အတူတူကြည့်ခဲ့ကြပါသည်။
အေးချမ်းလှသည့် ညတစ်ညကို ချစ်ရသူနှင့် နွေးထွေးစွာ ဖြတ်သန်းခဲ့ကြရသည်။ထိုအချိန်တုန်းက သဝန်တိုပြီး စိတ်ကောက်သွားသည့်စပျစ်ဟာ အခုချိန်အထိလည်း မပြောင်းလဲဘဲ သဝန်တိုတတ်သည်ပင်။
သူ့အပေါ်မှာ မပြောင်းလဲသည့် ချစ်ချင်းမေတ္တာတို့ဖြင့် ချစ်နေပေးခဲ့သည်သာ။သည်လို ပြစ်ချက်မရှိ ချစ်စရာကောင်းလှပါသည့် ကောင်လေး၏အချစ်အား ပိုင်ဆိုင်ထားသည်မှာ ကောင်းမြတ်အတွက်တော့ ဧရာမကံကောင်းမှုကြီးပင်။
ကောင်းမြတ် စပျစ်ကိုသတိရမိတာကြောင့် စပျစ်ထံသို့ စာလှမ်းပို့လိုက်သည်။
"ဘာလုပ်နေလဲ စပျစ်"
"ကာတွန်းကား ကြည့်နေတာ"
"မင်းကို သတိရလိုက်တာ..."
"တစ်အိမ်ထဲမှာ အပေါ်ထပ်အောက်ထပ်နေ,နေတာကို ဘာများသတိရစရာရှိလို့လဲ"
"တကယ်...!
အရမ်းသတိရတယ်....
မင်းကိုရော...
အရင်အချိန်တွေကိုရော..."ကောင်းမြတ်၏ စာကြောင့် စပျစ် ခဏတာ တိတ်ဆိတ်သွားရပါသည်။
စပျစ်ဆီမှ ပြန်စာမလာတာကြောင့် ကောင်းမြတ်စာဆက်ပို့လိုက်ပါသည်။"ဘယ်လိုလဲ
စဉ်းစားပြီးပြီလား စပျစ်?""အရင်တုန်းက ကိစ္စတွေမှာ ငါနောင်တရတာ တစ်ခုရှိတယ်"
![](https://img.wattpad.com/cover/249629002-288-k693214.jpg)
YOU ARE READING
နေ့ရက်တိုင်းမှာ မေတ္တာရှိနေမယ်(Completed)
Fanfictionစပျစ်ကောင်း fanfiction တာဇံဖြစ်ခြင်းအမှတ်တရ 💓🧑🤝🧑💓 boy love