အပိုင်း(၁၅)

258 23 2
                                    

မေထက် စလင်းမြေကို ခြေချမိတော့ သူမ မထင်မှတ်ထားသည့် ကြိုဆိုသူအားတွေ့ရပါသည်။

ဂူးဂူး.....

အချိန်ယူပြီး တည်ဆောက်ခဲ့ရသည့် တည်ငြိမ်မှုလေးသည် ယခုအချိန်တွင် အနည်းငယ်‌ေတာ့ အသုံးဝင်သည်ထင်ပါရဲ့။

မေထက် ဂူးအား ပြုံးပြလိုက်ပါသည်။

ဂူးက သူမဆီသို့ အမြန်လေးလာပြီး သူမအား တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်ပါသည်။

"အရူးမရယ်
ဘယ်တွေကို ထွက်သွားရတာလဲ
ငါတစ်ယောက်တည်းထားခဲ့ပြီးတော့
ဘယ်တွေကိုများ...."

မေထက် ဘာစကားမှမဆိုမိပါ။

မေထက် ပစ္စည်းပစ္စယာများကို ဆိုင်ကယ်ကယ်ရီနှင့် တင်လိုက်ပြီး သူမကတော့ ဂူးဆိုင်ကယ်နောက္မှ လိုက်လာခဲ့ပါသည်။

ဆိုင်ကယ်အား ဖြေးဖြေးကလေးမောင်းနှင်ရင်း ဂူးမက စကားဆိုလာပါသည်။

"အထက်...
ငါ...လက်ထပ်ပွဲဖျက်လိုက်ပြီ
ပြီးတော့ ငါ ဟိုကောင်နဲ့လည်း break ခဏယူထားတယ်"

မေထက် အနည်းငယ်ဆွံ့အနေခဲ့ပါသည်။
မဟုတ်မှ သူ့ကြောင့်များလား....??

"ဒါငါကိုယ်တိုင်ဆုံးဖြတ်ထားတဲ့ ငါ့ဆုံးဖြတ်ချက်ပါ
နင့်ပယောဂ ဘာမှမပါတာမို့ နင်စိတ်ပူစရာမလိုပါဘူးဟာ"

"အင်း"

ခဏမျှကြာတော့ ဂူးမက စကားထပ်ပြောလာပါသည်။

"အထက်...
ငါတို့ အမြဲတမ်း တစ်ယောက်ကိုတစ်ယောက် ဖေးမသွားကြမယ်
တစ်ယောက်ဝမ်းနည်း‌ေနရင် တစ်ယောက်ကနှစ်သိမ့်မယ်
ငါ့ဆီကနေ ဘယ်‌ေတာ့မှ ထွက္မပြေးဘဲ
အမြဲအဲ့လိုလေးပဲ နေသွားကြရအောင် နော်"

ကန့်သတ်ချက်တွေမရှိသည့် နယ်မြေထဲတွင် မေတ္တာတရားတို့ ဖြန့်ကျက်ပါမည်။
နွေးထွေးမှုတို့ ဝေငှပါမည်။
အေးချမ်းမှုတို့ ပေးစွမ်းပါမည်။

"အင်း
တစ်ယောက်အနားမှာ တစ်ယောက်ရှိနေရင်းနဲ့ အရာရာကို ခွဲဝေခံစားကြမယ်
ဘာပဲဖြစ်ဖြစ် ငါတို့ကသူငယ်ချင်းတွေပဲမလား"

သူငယ်ချင်းတဲ့။
တချို့လူတွေက သူငယ်ချင်းဆိုတဲ့စည်း‌ေလးကို ကျော်ဖို့ကြိုးစားကြတယ်။
တချို့လူတွေကျပြန်တော့ သူငယ်ချင်းဆိုတဲ့စည်းလေးကို ဖျက်ပစ်ချင်ပြန်ရော။
ဒါပေမယ့် တချို့လူတွေကတော့ ထိုစည်းပါးပါးလေးထဲမှာ အေးချမ်းစွာ နေထိုင်ရင်း ငြိမ်းငြိမ်းချမ်းချမ်းလေး ချစ်ချင်ကြပါသတဲ့။

နေ့ရက်တိုင်းမှာ မေတ္တာရှိနေမယ်(Completed)Where stories live. Discover now