Neverless (34)

1.2K 65 0
                                    

နေကမ္ဘာသည် ဘုန်းနေယံထွဋ်ဆီမှ ဖုန်းရပြီးထဲက မြန်မာပြည်သို့ပြန်ရန်အထုတ်ပြင်နေသည်မှာအခုထိတိုင်မပြီးသေးပေ။အထုတ်ပြင်တာကတစ်ရက်လည်းမဟုတ်ပေ အခုနဲ့ဆိုနှစ်ရက်တောင်ရှိနေပြီ။ပစ္စည်းတွေအများကြီးကို ထဲ့နေတာလားဆိုတော့လည်း မဟုတ်ပေ။ထဲ့လိုက်ထုတ်လိုက်နဲ့ သူတယောက်ထဲတိုင်ပတ်နေသည်။

"Kam ရာ.....ခုထိမပြီးသေးဘူးလားကွာ မနက်ဖြန်သွားရမှာနော်"

"ဘာလိုအပ်အုံးမလဲမသိတော့ဘူး...ထဲ့ရင်းနဲ့ရှုပ်လာပြီ"

"အဓိက က Violinရယ်၊Kam ဝတ်မဲ့ဝတ်စုံရယ်။
အဲ့တာပါရင်ရပြီ...ကျန်တာတွေအရေးမကြီးဘူး၊စိတ်လှုပ်ရှားနေလား ဟင်"

ဘုန်းနေယံထွဋ်ဆီက ဖုန်းလာပြီးနောက် သူဘာလုပ်ရမှန်းမသိဖြစ်သွားသည်။ကြောက်တာလား၊ ပျော်တာလား...ဘယ်လိုခံစားနေရလဲကိုသူမသိပေ။သေချာတာကတော့ သူ့နှလုံးက သူမလက်ထပ်မည့်ကိစ္စကို လက်ခံနိုင်သည်။

"ကျတော်....ဟင်း....အကိုရှိတယ်လေ ကျတော့်အတွက်။"

"Kam အရမ်းခံစားနေရလား။
ကို ပြောတာက Kamသိတယ်မလား ဒီကိစ္စကကိုလက်ခံနိုင်ရဲ့လား။"

"ခုထိတော့အဆင်ပြေတယ်၊"

"ကို တို့ မပြန်ပဲနေကြမလားဟင် Kam၊
အခုလည်း ကိုယ်တို့နှစ်ယောက်အဆင်ပြေနေတာပဲလေ"

"Wedding dressနဲ့ aliveကိုမြင်ချင်တယ်"

ဒုက္ခကလည်း မသေးပါလား ကောင်လေးရာ။
မြန်မာပြည် ပြန်ရောက်ရင် ဒီနှစ်တွေအတွင်းမှာ လုပ်ခဲ့တဲ့ကုထုံးတွေ က ထိရောက်ပါစေဟုသာ ဆုတောင်းမိသည်။

"အိပ်ကြတော့မလား....."

"အင်း....."

ဒီလိုဆိုတော့လည်း Kamသည်ရင်ခွင်ထဲသို့ဝင်လာသည်။စ,ရောက်ခါစ အချိန်ကလို ရှိန်နေတာမျိုးမရှိတော့ပေ။ ကျောင်းကိုလည်း ကောင်းကောင်းတတ်သည်၊ကျောင်းမှာလည်း အပေါင်းအသင်းရှိသည်။ဒီလိုဖြစ်လာတာကိုပင် သုတKamပျော်လို့မဆုံးဖြစ်ရသည်။

နောက်ထပ် ကောင်လေးက ပို၍အခြေအနေကောင်းလာကြောင်းကို school ၃နှစ်ခွဲလောက်တတ်ပြီးသိရသည်။ကျောင်ပြီးပြီးချင်း ကောင်လေးသည် Sundayတိုင်း Church ကျောင်းမှာ ကလေးတွေကို အခမဲ့violin သင်ပေးမည်တဲ့။သူသည် aliveနဲ့သာပြည့်နေသော ကမ္ဘာ၏အပြင်ဘက်သို့ထွက်လာလေသည်။ဒီနှစ်တွေမှာ သူတို့နှစ်ယောက် အဆင်ပြေနေခဲ့သည်။

Neverless (Completed)Where stories live. Discover now