Neverless (36)

1.2K 68 1
                                    

ဆေးရုံတွင်ရှိသော လူအားလုံးဟာ မျက်ရည်များနဲ့အလုပ်ရှုပ်နေစဥ် အူကြောင်ကြောင်ဖြစ်နေသူတစ်ဦးလည်းရှိခဲ့သည်။

"မြတ်..အိမ်မှာသမီးတစ်ယောက်ထဲ...အိမ်ပြန်ပြီး သမီးကိုအဖော်လုပ်ပေးလိုက်အုံး"

တည်ငြိမ်ခြင်းသည် မျက်ရည်များအားထိန်းကာ အူကြောင်ကြောင်ဖြစ်နေသော ယောကျာ်းမြတ်အား အဆင်ပြေစေရန် အိမ်သို့ပြန်လွှတ်လေသည်။

"အင်း...အဲ့လိုလုပ်လိုက်မယ် ကိုကိုလည်းအရမ်းမငိုနဲ့၊ ပြန်ကောင်းသွားမှာပါ"

"လမ်းမှာဂရုစိုက်"

တည်ငြိမ်ခြင်းသည် ယောကျာ်းမြတ်ထွက်သွားတာကိုကြည့်ပြီးမှ သုတဆီသို့သွားလိုက်သည်။သုတသည်ဆေးရုံ၏ ကြမ်းခင်းတွင်ထိုင်နေသည်မှာ တော်တော်ပင်ကြာနေပြီ။

"သုတ ထ .. ခုံမှာထိုင်ရအောင်"

"မဟုတ်ဘူး...ကိုလေး ကျတော့်ကိုထွက်ရှာလို့ Kamဒီလိုဖြစ်ရတာ ကျတော်သာ နေထွက်တာကိုသွားမကြည့်မိခဲ့ရင်....ဟာဗျာ....."

သုတသည် သူ၏ဆံပင်များကို အနောက်သို့လှန်ချလိုက်သည်။တကယ်ကိုကြွေကွဲနေသည့်ပုံ၊တကယ်လည်း ကြေကွဲမှာပါလေ....ချစ်ရသူတစ်ယောက်လုံးက ခွဲစိတ်ခန်းဝင်နေသည်မှာ တနေ့နဲ့တညရှိနေပြီ..အခုထိမှပြန်မထွက်လာသေးတာ။

တည်ငြိမ်ခြင်းသည် နေကမ္ဘာ ဘာမှမဖြစ်ပါစေနဲ့ဟုဆုတောင်းပေမဲ့၊ ဒီလိုကြာနေပုံထောက်ရင် တစ်ခုခုတော့အသေအချာပဲဆိုတာကို စိတ်ထဲကသိနေသည်။မေမေနဲ့ဖေဖေလည်း ခုထိမအိပ်ရသေးပေ။ကံတရားကလည်း  ပျော်စရာရှိသည်ကို ပေါ့ပေါ့ပါးပါး ပျော်ခွင့်မပေးပါလား။

ထိုသို့ တည်ငြိမ်ခြင်းတွေးနေတုန်း.. ခွဲခန်းမှဆရာဝန်ကြီးထွက်လာလေသည်။အကုန်လုံးက မတ်တပ်ရပ်ဖို့ပင် ရုန်းကန်နေရတာမို့ တည်ငြိမ်ခြင်းပဲ အခြေအနေကို အလျင်အမြန်သွားမေးလိုက်ရသည်။

"ဆရာ လူနာအခြေအနေလေး...."

"ဆရာတို့ ခွဲစိတ်တာတော့ အောင်မြင်သွားပါပြီ၊အခြေအနေတော့စောင့်ကြည့်ရအုံးမှာပေါ့ကွကဲ...ဆရာသွားပြီး"

Neverless (Completed)Where stories live. Discover now