Neverless (37)

1.2K 68 0
                                    

"မဟုတ်...ဟာ...တကယ်ပဲ ဒီဟာကို ဘယ်လောက်ထိသင်မယ်စိတ်ကူးကြလဲ သည်းခံနေတာကို အရောင့်မတတ်လာကြနဲ့"

ရှင်သန်ခြင်းအသံသည် တကယ်ကို အားလျော့နေဟန်ရှိသည်။ သူမ ပြောတာကို နားထောင်နေကြသော ကျောင်းသားများသည်လည်း အမှန်ကိုမျက်နှာငယ်လေးနဲ့ဖြစ်နေကြသည်။

"စာမေးရင်မသိဘူး...ဒီတိုင်းလက်လျော့လိုက်ကြမလားဟင်...အဲ့လို လုပ်ကြမလား တကယ်စိတ်ပျက်နေပြီ...."

ရှင်သန်ခြင်းသည် သင်ပုန်းကိုကျောခိုင်းကာ တကယ်အပြတ်အသတ်ကိုပြောနေသည်။ဒီနေ့နဲ့ဆိုသူ eight parts of speechကို သင်တာ ၃လနီးပါးရှိနေပြီ။သင်ပေးရတဲ့သူတွေကလည်း ပြောရတာနားမလည်လောက်တဲ့အရွယ်နေမဟုတ် အကုန်လုံးက အသက်(၂၀)၊(၃၀) အရွယ် သန်သန်မာမာယောကျာ်းတွေကြည့်ဖြစ်သည်။ ကလေးတွေလို ခေါင်းခေါက်လို့ကလည်းမသင့်တော်...စာမသင်ပေးလို့ကလည်းမရနဲ့ သူမတကယ်ကိုစိတ်ညစ်နေသည်။

"Alive ....ကိုယ့်တပည့်တွေကိုမနိုင်တိုင်း ဘဝကိုလက်လျော့တော့မလို့လား။"

ထိုအချိန် အပေါ်ထပ်မှဆင်းလာသော bossသည် အသံပြတ်ပြတ်ဖြင့်သာ သူမကိုပြောလေသည်။တကယ်ဆိုစာသင် တာက သူမရဲ့ဘဝမှမဟုတ်တာ...သူမဘဝက သူမရဲ့babyလေ ပြန်ပြောလိုက်ချင်ပေမဲ့....မပြောရဲပေ။

"စာသင်ချိန်မှာ boss အောက်ထပ်ကိုဆင်းမလာရင်ကောင်းမယ် ကဲ .....စာအုပ်ပြန်ကြည့်"

စာသင်သား အယောက်(၃၀)ကျော်တို့သည်လည်း တညီတညာထဲစာအုပ်ကိုပြန်ကြည့်လိုက်ရသည်။မဟုတ်ရင် aliveက တကယ့်မလွယ်ကြောဖြစ်သည်။

Bossသည် သူမတို့ကိုပြောပြီး မီးဖိုဘက်သို့ဝင်သွားလေသည်။ တကယ်ဆို bossက သွားစရာနေရာမရှိတဲ့သူမကို နေစရာ၊စားစရာ၊အလုပ်ပေးထားတဲ့ကျေးဇူးရှင်ပါ...ဒါပေမဲ့ သူမနဲ့မတဲ့ပေ။bossရဲ့စကားများသည် အမြဲသူမရဲ့ သည်းခံမှုကိုထိုးနှက်လျက်ရှိသည်။

"Boss...ဘာလိုချင်လို့လဲ"

"ရတယ် ကြီးသန်း...မလိုဘူး၊ဟိုကောင်မလေး စာသင်တာ သိချင်လို့"

"Boss ရယ် ကြီးသန်း ဆရာလုပ်တာမဟုတ်ပါဘူး။ဒါပေမဲ့လေ မပြောပဲလည်း မနေနိုင်လို့ တစ်ခုပြောချင်တယ်"

Neverless (Completed)Where stories live. Discover now