part 8

2.1K 210 3
                                    


အလင်္ကာမေ့ပုခုံးလေးကိုင်ကာ တစ်ဖက်သို့လှည့်ပေး
လိုက်ပြီး

"နေထွက်လာပြီ မေ"

"ဘာလို့ အဲ့လောက်တောင်လှနေတာလဲ
ပြီးတော့ နေထွက်တာကိုကြည့်နေရတာ မေ့စိတ်ထဲတစ်မျိုးကြီးပဲ"

အလင်္ကာနဲ့မေတို့ ကြည့်နေရင်း နေမင်းကြီးက
တိုးလို့ထွက်လာခဲ့သည်

"နေထွက်လာတာ အရမ်းလှတယ်နော်
မေအရင်က နေထွက်တယ်ဆိုတာကို
ဒီလို အရေးလုပ်ပြီးမကြည့်ဖူးဘူး
အခုမှကြည့်မိတယ် နေမင်းကြီးအရမ်းလှတာပဲ"

"နေမင်းကြီး ဟုတ်တယ် နေမင်းလေးပဲ"

"အမ် အလင်္ကာ ဘာပြောလိုက်တာလဲ"

"အလင်္ကာအတွက် တစ်ယောက်ယောက်က
နေမင်းနဲ့တူတယ်လို့တွေးမိလို့ပါ"

ဘယ်သူလဲလို့မေးခဲ့ချင်ပေမဲ့ အလင်္ကာကိုလှည့်ကြည့်
ဖို့ မေသတ္တိမရှိခဲ့~

အလင်္ကာကတော့ မေ့ကျောပြင်ကိုကြည့်ရင်း
(မင်းနဲ့အတူရှိတဲ့အချိန်တိုင်း
ကိုရင်ထဲနွေးထွေးနေတတ်တယ် မေ
ကိုတွေးမိတယ် မင်းက ကို့ရဲ့နေမင်းလားလို့
မင်းရင်ခုန်သံတွေကို ကိုကြားနေရပါတယ်
ခနစောင့်ပေးပါ ကို့ကိုခနစောင့်ပေးပါနော်
ကိုအားလုံးရှင်းထုတ်ဖို့အချိန်လိုနေသေးတယ်)

နေထွက်ပြီးသွားတာကြောင့် foreigner တွေ
အားလုံး အလျှိုလျှိုနဲ့ ပြန်ကုန်ကြသည်

"အလင်္ကာတို့လဲ ပြန်ကြမယ်လေ
ဟိုကောင်တွေအတွက် မုန့်သွားဝယ်ကြမယ်"

"ဟုတ်"

"မေက ကလေးလေးလိုပဲ"
အလင်္ကာဘာပြောပြော သွက်လတ်စွာ ဟုတ် လို့ပြန်
ပြောတဲ့ မေ့ကိုကြည့်ရင်း အလင်္ကာမနေနိုင်ပဲ
ခေါင်းလေးကိုင်ကာ ပွတ်မိသွားသည်

အလင်္ကာက မသိစိတ်ကလုပ်မိသွားတာကြောင့်
မေစိတ်ဆိုးသွားမလားစိုးရိမ်ခဲ့ပေမဲ့ မေကတော့ အပြုံးတွေနဲ့သာ အလင်္ကာ့ကိုကြည့်နေသည်

"အလင်္ကာယောင်ပြီး ခေါင်းကိုင်မိသွားတာ
မေ စိတ်မဆိုးဘူးလား"

"ဆိုးပါဘူး ပျော်တောင်ပျော်သေးတယ်"

"ဘာလို့လဲ"

ကျိန်စာWhere stories live. Discover now