part 23

2.8K 212 20
                                    

ဒဏ်ရာလဲသက်သာနေပြီမို့ အလင်္ကာကျောင်း
ပြန်တက်ခဲ့ပြီး ကျောင်းစတက်ထဲက အလင်္ကာမေ့
ကိုရှောင်နေခဲ့သည်
ရက်အတော်ကြာခဲ့ပြီးတစ်ရက်ကျောင်းကန်တင်းမှာ ထိုင်နေရင်း

"ကာကြီး မင်းဘာဆက်လုပ်မှာလဲ
ဒီတိုင်းနေမလို့လား ဒီတိုင်းဆိုအပြတ်ပြတ်နဲ့
သွေးထွက်တော့မယ်ကွ"

ထူးရဲ့အမေးကြောင့် အလင်္ကာ အတွေးတွေနယ်ချဲ့ရ
ပြန်ပါပြီ

"မင်းအခုလိုဝေးနေရတော့ မင်းသတိမရဘူးလား
မလွမ်းဘူးလား"

"ဘယ်လိုမေးလိုက်တာလဲကွာ သတိရတာပေါ့
လွမ်းတာပေါ့ ငါဘာလုပ်လုပ်ဘယ်သွားသွား
မေ့ပုံရိပ်လေးတွေပဲမြင်နေရတာကွ
ငါ စာမေးပွဲပြီးလို့ကျောင်းပိတ်ရင် ပုဂံပြန်တော့မယ်ကွာ အလုပ်ပဲလုပ်နေတော့မယ်"

"အင်းပါ ကောင်းပါတယ် ပြန်ပြီးမင်းအေးဆေး
အလုပ်လုပ်လိုက် နားလိုက်လုပ်နေကွာ
အခု စာမေးပွဲလဲနီးပြီ မင်းစာလုပ်ဦးနော် အလုပ်တစ်ဖက်နဲ့ဆိုတော့ "

"အင်း"

အလင်္ကာငြိမ်ကျသွားပြီး တစ်ခုခုတွေးမိသွားသည်

"ငထူး မင်းနဲ့သီရိနဲ့က "

"ဟင်းး ခုတော့မင်းရိပ်မိပြီပေါ့
ငါတ်ို့ချစ်သူတွေဖြစ်နေကြတာကြာပြီ
ငါအရဲစွန့်ပြီးဖွင့်ပြောလိုက်တာ"

"wow ကောင်းတယ်ကွာ အဲ့တာနဲ့အဖြေပြန်ရလိုက်
တယ်ပေါ့ အားကျပါတယ်"

"ဒါပေါ့ကွာ ငါ့ခြွေချက်တွေကို မခံနိုင်ပါဘူးကွာ"
ထူးအပြင်လမ်းမကိုကြည့်မိလိုက်ပြီး

"ဟျောင့် ဟိုမှာ မေနဲ့သီရိ"

အလင်္ကာ အခုအချိန်မှာ ဘယ်သူ့ကိုမှ ရင်မဆိုင်ချင်
ပေ အရင်နေ့ကအကြောင်းတွေ မတွေးချင်တော့

"သူတို့ ထမင်းလာစားတာထင်တယ်
ငါ ငါ ခနအပြင်ထွက်နေလိုက်မယ်
မေ ပိန်သွားတယ်ကွ ထမင်းသေချာစားပါစေ
ငါရှိရင်ဟိုတွေးဒီတွေးနဲ့စားဖြစ်မှာမဟုတ်ဘူး
ငါ ခနရှောင်နေမယ်နော် မင်းသေချာကျွေးလိုက်
ငါရှင်းမယ်နော်"

အလင်္ကာ ပြောချင်ရာပြောပြီး ချက်ချင်းထထွက်
သွားသည်

"ဟျောင့် နေဦးလေ"

ကျိန်စာNơi câu chuyện tồn tại. Hãy khám phá bây giờ