Extra

3.7K 223 5
                                    

အလင်္ကာ မသုံးတာကြာနေပြီဖြစ်တဲ့ ဖုန်းကိုကောက်ကိုင်
လိုက်ပြီး

~ကို့ကို ခွဲမသွားပါနဲ့ ကလေးရယ်

အလင်္ကာ နာကျင်စွာခံစားရင်းး
~ကို့ဘဝမှာ ကလေးမရှိရင် မဖြစ်လို့ပါကလေးရယ်
ကို့ဆီကို ပြန်လာပေးပါနော်~

~နောင်ဘဝဆိုတာရှိခဲ့ရင်တောင် ကလေးနဲ့ပဲချစ်ခွင့်ရပါစေ
ပေါင်းဖက်ခွင့်ပေးပါစေလို့ ကိုဆုတောင်းပါတယ်

ဒွီးး ဒွီးးး

"မောင်အလင်္ကာ ရှင်လွန်နေပြီနော်
အိမ်သာလေးခနသွားတာကို
သူ့ကိုပဲထားခဲ့သလိုနဲ့စာပို့နေတယ် ကိုကိုတွေ့မယ်"

အိမ်သာခနသွားတာကို စာတွေဆက်တိုက်ပို့နေတဲ့ အလင်္ကာကြောင့် မေချက်ချင်းအိမ်သာကထွက်လာသည်
အိမ်ရှေ့ရောက်တော့

"ကိုကို့ ဘာဖြစ်နေတာလဲကွာ
အိမ်သာ ခနသွားတာကိုဘာတွေပို့နေတာတုန်း"

အလင်္ကာ ရုပ်ပြောင်ကာ

"ဟီး ဟီးး လွမ်းလို့လေ ကလေးရဲ့"

"ကိုကိုနော် ကလေး ဈေးသွားဝယ်လဲ
ခရီးရက်ရှည်သွားသလိုလို
ရှင့်အသည်းပဲခွဲသွားသလိုလို
အခုအိမ်သာသွားတော့လဲ ရှင်စာတွေ တစ်တောင်တောင်နဲ့ ပို့နေတာ ဟင်းးး ကိုကိုနော်"

အလင်္ကာ မတ်တပ်ရပ်လိုက်ကာ မေ့ကိုနောက်ကျောဘက်ကနေ ဖက်ထားလိုက်ပြီးး

"လူကို ဆူနေတာပဲ
လာပါဦး ကိုကိုက ချစ်လို့လေ
မချစ်ရဘူးလား"

"ချစ်ပါ ကိုကိုရယ်
ကိုကိုချစ်ဖို့ ကလေးကမွေးဖွားလာတာပါ
ချစ်တာလဲချစ် အီအီးလဲဖြောင့်ဖြောင့်ပေးပါပါဦး"

တကယ်တော့ အလင်္ကာတို့လက်ထပ်ပြီးအတူနေကြတာ
တစ်နှစ်နီးပါးကို ရောက်နေပြီဖြစ်သည်

"ဟီးး ကလးကိုချစ်လို့ ကိုကိုက အကဲပိုတာပါ
ပိုပေမဲ့ အဲ့ပိုတာလေးကို ကလေးကချစ်နေတာ
မှတ်လား ဘာလဲ အချစ်တွေပေါ့လာပြီလား"

မေက အလင်္ကာဖက်ထားလက်ကလေးကို ပြန်ကိုင်ထားပြီး

"စကားကလဲ တတ်လိုက်တာ ဆိုတာ
အချစ်ကပေါ့စရာလား
ဒီကချစ်လွန်းလို့ အရင်လိုက်ခဲ့ရတာနော်"

ကျိန်စာWhere stories live. Discover now