Part - 20

4.5K 212 37
                                    

[Zawgyi Version]

အိမ်ရောက်တော့လဲသွေးစက်ကိုပွေ့ချီပီးသူ့
အခန်းထဲခေါ်သွားကာမွေ့ရာပေါ်သို့ဖြေညှင်း
စွာချလိုက်သည်

ကျစ်...ဆရာဝန်ကိုမေးဖို့မေ့ကျန်ခဲ့ပြန်ပီ
ကိုယ်ဝန်ဆောင်ကိုဘာကျွေးရမှာပါလိမ့်
အာ..ဟုတ်ပီအခုကနေမကောင်းသေးတာ
ဆိုတော့ထမင်းစားမရလောက်ဘူးစွပ်ပြုတ်ပဲ
လုပ်လိုက်တော့မယ်ပိစိလေးလဲအာဟာရဖြစ်
ဒဏ်ရာအကင်းမသေသေးတဲ့သွေးစက်
အတွက်ပါပိုအဆင်ပြေသွားတာပေါ့

သွေးစက်ကိုစောင်သေချာခြုံပေးခဲ့ပီးသူက
တော့အောက်ထပ်မီးဖိုချောင်ရှိရာစီသို့သွား
ကာချက်ပြုတ်ခြင်းလုပ်ငန်းစဉ်စတင်
လိုက်သည်

တစ်သက်နှင့်​တစ်ကိုယ်အိမ်မှာထမင်းဟင်း
အခြားဘာကိုမှချက်ပြုတ်စားသောက်လေ့
မရှိတာကြောင့်စွပ်ပြုတ်ရည်ကိုအစမ်း
မြည်းကြည့်လိုက်မကောင်းပြန်သွန်ပစ်ပီး
အသစ်ထပ်လုပ်လိုက်နှင့်3ကြိမ်တိုင်တိုင်
ခက်ခက်ခဲခဲကြိုးစားလိုက်ရသည်












"အင်း.....ဟင်း...အ့"

မျက်လုံးစဖွင့်ဖွင့်ချင်းမြင်နေရတဲ့အခန်း
ပုံစံကသူနေသောအခန်းမဟုတ်တာ
ကြောင့်ရုတ်တရက်ထထိုင်လိုက်တော့
မူးနှောက်သွားသည်

ဟင်.....ဒါက..အကို့အခန်းပဲ
ငါကဘာလို့အခန်းထဲမှာရောက်နေရတာလဲ

အချိန်အကြာကြီးပြန်စဉ်းစားနေပေမဲ့မနက်
ကမီးဖိုချောင်ထဲတွင်သူအကိုမင်းဇေနဲ့ဖုန်း
ပြောနေတုန်းအကိုရောက်လာပီးပြသာနာ
ဖြစ်သွားသည်ထိပဲမှတ်မိတော့သည်


"ဟာ.....သွေးစက်သတိရလာပီလား"

ဗျာ!!!
အကိုကျွန်တော့်ကိုဘယ်လိုခေါ်လိုက်တာလဲ!

ခေါင်းထိခိုက်မိပီးအတိတ်မေ့သွားတာလား!!!

လက်ထဲတွင်ကိုင်ထားစဲဖြစ်သောဗန်းကို
ခုံပေါ်သို့ချကာသွေးစက်အနားပြေးသွား
လိုက်သည်

"ဟင်....အသားလဲမပူပါဘူး"
"သွေးစက်ကိုယ့်ကိုမှတ်မိလားဒါမှမဟုတ်
ဒါလက်ဘယ်နှစ်ချောင်းထောင်ထားတာလဲ"

UNTAINTED LOVE [COMPLETED]Where stories live. Discover now