Part - 8

3.5K 215 71
                                    

[Zawgyi Version]

ဒီကောင်​လေးအတော်​ထူးဆန်းတာပဲ
ဒါမှမဟုတ်​..စိတ်​ကပုံမှန်​မဟုတ်​တာများလား

အကိုနဲ့အတူစကားပြောလိုက်​ရတာကိုအခုထိမယုံရဲ
သေးဘူးအိမ်​မက်​များဖြစ်​နေမလားဆိုပီးသေချာသွား
အောင်​ပါးကိုလက်​နဲ့နာနာလေးဆွဲဆိတ်​ကြည့်​မိသည်

အ့....နာလိုက်​တာ!

ငါအိမ်​မက်​မက်​နေတာမဟုတ်​ဘူးအမှန်​ဖြစ်​နေတာပဲ
ထိုအခါမှမျက်​နှာကပြုံးဖီးလာပီးတကယ့်​လက်​တွေ့
ဖြစ်​နေမှန်းယုံလို့ရသွားသည်













"အမေ့ကိုသားပြောစရာရှိတယ်​"

"သားဆိုင်​ဖွင့်​တာအဆင်​မပြေလို့လား"

"ဟို...ဆိုင်​ကိစ္စမဟုတ်​ဘူးအမေ"
"သားညနေအပြင်​သွားစရာလေးရှိလို့"
"အမေ့ကိုခွင့်​တောင်းတာပါ"

"သားကဘယ်​သူနဲ့သွားတွေ့မှာလဲ"

"အသိအကိုတစ်​ယောက်​ပါ"

"သားသွားတွေ့လေ"
"အိမ်​ကိုစောစောပြန်​လာခဲ့နော်​"
"နောက်​ကျမနေစေနဲ့"

"စိတ်​ချပါအမေ"

ဟူး...အမေခွင့်​ပြုပေးလို့တော်​ပါသေးတယ်
အရင်​ကစိတ်​နဲ့ဆိုရင်​ဘယ်​မှသွားလာခွင့်​မပေးပဲအိမ်
မှာသာနေရသည်​အရေးကြီးကိစ္စရှိလို့သူငယ်​ချင်းနဲ့
သွားတွေ့ရမယ်​ဆိုရင်​တောင်​အဲ့သူငယ်​ချင်းကိုသာ
လာခိုင်းပီးကျွန်​တော်​ကတော့ထွက်​တွေ့ခွင့်​တောင်​မ
ရှိပေအဲ့လောက်​ထိအမေဟာကိုစိတ်​ပူတတ်​သည်

ကျွန်​တော်​ဟာမိန်းကလေးတစ်​ယောက်​မဟုတ်​သော်
လည်းအမေ့အမြင်​မှာတော့အားနွဲ့တဲ့ကလေးလိုသာ
မြင်သည်​အနေအေးတာကြောင့်​သူငယ်​ချင်းတွေက
မာနကြီးတယ်​အဖက်​မလုပ်​ဘူးဆိုကာအထင်​လွဲပီး
အပေါင်းအသင်းမလုပ်​ကြပေ..နောက်​ပီး..အရမ်း
ရင်းနှီးတဲ့သူငယ်​ချင်းဆိုတာလဲမရှိသလောက်​ပဲမို့
အားလုံးကအပေါ်ယံဟန်​ဆောင်​နေသူတွေပါပဲ

နောက်​ဆုံးတော့လဲသူဟာတစ်​ယောက်​ထဲသီးသန့်
့နေထိုင်​ရတာကို..ပိုသဘောကျလာသည်




















UNTAINTED LOVE [COMPLETED]Where stories live. Discover now