4 - ပြောမပြချင်ခဲ့သော (၂)

3 0 0
                                    

ဇွန်လ တစ်ရက်နေ့...

အခြေခံပညာကျောင်းတွေစတင်ဖွင့်လှစ်တဲ့နေ့...

တစ်နည်း ကွဲကွာနေတဲ့သူငယ်ချင်းတွေပြန်ဆုံတဲ့နေ့...

ကိုယ်တက်ခဲ့တဲ့ကျောင်းက စာမေးပွဲရမှတ်နဲ့ အခန်းခွဲတာမျိုးမဟုတ်ဘဲ...

ကျောင်းလာအပ်တဲ့သူအစဉ်လိုက်ကို (၄) ခန်းရှိရင် တစ်ခန်းတစ်ယောက်နှုန်း လေးယောက်ကနေစစီလိုက်တာမျိုးဆိုတာ

အဲ့ဒီ့အချိန်ကတည်းက သိနေခဲ့တော့ ကျောင်းဖွင့်ရင် ကိုယ့်အချစ်ဆုံးသူငယ်ချင်းတွေနဲ့ အခန်းတူတူကျဖို့ကို ရင်ခုန်စွာစောင့်စားခဲ့ကြဖူးတယ်...

ကံ‌မကောင်းစွာနဲ့ပဲ ကိုယ့်အချစ်ဆုံးသူငယ်ချင်းတစ်ယောက်နဲ့ အခန်းတူတူမကျခဲ့ပါဘူး...

သူနဲ့ အချစ်ဆုံးသူငယ်ချင်းတွေစဖြစ်ခဲ့တာက  တတိယတန်း...

စတုတ္ထတန်းထိရော အခန်းတူတူကျခဲ့ကြသေးတော့ နှစ်နှစ်သံယောဇဉ်က နည်းမလားနှော...

ပဉ္စမတန်းရောက်မှ အခန်းကမတူတော့ အရင်လို အတူတူ အရှေ့ဆုံးတန်းမှာထိုင်ပြီး စာသင်လို့မရတော့တာတော့ ဝမ်းနည်းခဲ့မိသား...

မုန့်စားဆင်းချိန်တိုင်းတော့ အတူတူရှိဖြစ်ကြတယ်...

မုန့်ဈေးတန်းမသွားဖြစ်ကြရင်တောင် အခြားသူငယ်ချင်းတွေနဲ့အတူတူဆော့ကြဖို့ သူက ကိုယ့်စာသင်ခန်းအရှေ့ထိ လာခေါ်လေ့ရှိတယ်လေ...

ထမင်းစားဆင်းချိန်ကျ ကိုယ်က အိမ်နဲ့ကျောင်းကနီးနီးလေးဆိုတော့ အိမ်ကိုပဲထမင်းပြန်စားပြီး...

သူကတော့ သူ့အိမ်က‌ဝေးတော့ အိမ်ကနေ ထမင်းချိုင့်ထုတ်လာတတ်တယ်...

သူနဲ့ထမင်းတူတူစားဖို့ ထမင်းချိုင့်ထုတ်ပေးဖို့ မေမေ့ကို တစ်လတစ်ခါလောက်တော့ ဂျီကျဖူးသေးတာ...

ကြက်ပေါင်ကွင်းလို့ခေါ်တဲ့ ရာဘာနဲ့လုပ်ထားတဲ့ကွင်းလေးတွေကို ဆက်ပြီး အမြင့်ခုန်ကစားကြတဲ့ ကြိုးခုန်တယ်ဆိုတဲ့ ကစားနည်းက အတော်လေး‌ ရေပန်းစားခဲ့တဲ့အချိန်လေ...

သူငယ်ချင်းတွေနှစ်ဖွဲ့ခွဲပြီးကစားရတာမလို့ လူခွဲတဲ့အချိန်ရောက်ရင် အချက်ပေးပြီး အတူတူတစ်ဖွဲ့တည်းကျအောင်.. ညစ်ပြီးကစားခဲ့ဖူးကြသေးရဲ့...

All of This I am And Part of This I saw!!!Where stories live. Discover now